( Unicode )
" ဝေး အဲ့တွန်းလှည်းကြီးက ဘာလုပ်ဖို့လဲ "
" ဈေး၀ယ်မှာမဟုတ်ဘူးလား "
မားကတ်ထဲရောက်တာနဲ့ ခပ်တည်တည်နဲ့ တွန်းလှည်းကြီးဆွဲထုတ်နေတဲ့ သူ့ကြောင့် ဂျောင်ကုရူးချင်နေပြီ။
" ၀ယ်မှာက၀ယ်မှာလေ ဒါပေမယ့် ခြင်းတောင်းဆိုရပြီ
ကျွန်တော်ဝယ်မှာ အဲ့လောက်မများဘူး "
" ခြင်းတောင်းက သယ်ရတာလေးတယ်
တွန်းလှည်းယူရင် များများ၀ယ်ရမယ်ဆိုတာ ရှိလို့လား "
" အဲ့လိုတော့မရှိပေမယ့် "
" တွေ့လား မရှိဘူးလေ လာမြန်မြန်၀ယ်ရအောင်
စကားများမနေတော့နဲ့ "
" နေ နေအုံး "
ဒီအရူးနဲ့တော့ ဂျောင်ကုသေချင်နေပြီ။
ဟွန့်~သူ့ဘာသူသွားချင်တာသွား
ငါကတော့ ထုံးစံတိုင်း အမြည်ကျွေးတဲ့ဟာတွေ
ပတ်စားရမှာပဲ ဟဲ ဟဲ
" နို့သောက်ရတာကြိုက်လား "
နွားနို့ဘူးကိုင်ကာ ဘေးမှာသူရှိသည်အထင်နဲ့မေးနေတာ ငနဲလေးကပါမလားဘူး
" ဘယ်ရောက်သွားတာလဲ "
ဂျောင်ကု
ပါးစပ်က တိုးတိုးလေးရေရွတ်ပြီး မျက်စိဝေ့ကာ
ရှာကြည်နေ့မိသည်။
ဟော တွေ့လေပြီ
ကိုယ်လူချောက အမြည်းကျွေးနေတဲ့ အမဲသားလွှာ ပိစိ
ကင်လေးတွေကို တခုပြီးတခုနှိုက်စားလေရဲ့
ထယ်ဟျောင်းသဘောကျစွာပြုံးမိသည်။
ဂျောင်ကုဘ၀လေးဟာတကယ်ဖြူစင်တာပဲ ။
ဒီဘ၀မှာ အခုလိုဖြူစင်တဲ့ကောင်လေးအဖြစ်
ပြန်လည်မွေးဖွားလာတဲ့အတွက် သူအရမ်းကျေနပ်မိသည်။
ဂျောင်ကုလေး အားရှိလေအောင် နွားနို့ဘူးကြီး
နှစ်ဘူးကို လှည်းထဲထည့်ကာ ဂျောင်ကုရှိရာဆီ
လာခဲ့သည်။
" ဘာလုပ်နေတာလဲ "
" အမလေး "
သွားကြားထိုးတံထိပ်ကအသားကို ပါးစပ်ထဲ
ထိုးထည့်မည်လုပ်နေတဲ့ လက်လေးတွေ
တုန်တက်သွားသည်အထိ လန့်သွားသည်။
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021
![PARALLEL [ Completed ]](https://img.wattpad.com/cover/157667019-64-k973411.jpg)