Chapter-18

1K 159 18
                                    

( Unicode )

​ဂျောင်ကုတို့ စကား​ပွဲပြီးသွား​တော့ စားထား​သောက်ထား
တာများကို ​ဆေး​ကြောတိုက်ချွတ်ရ​တော့သည်။ အလုပ်
လုပ်ရင်ကို အ​ကြောင်းတစ်ခုခုကဖြစ်တယ်။ အခုလဲ
ပန်းကန် ဘယ်နှချပ်မှမ​ဆေးရ​သေးဘူး ဗိုက်ကရစ်လာသည်။ အိမ်သာကို အမြန်​ပြေးရသည်။ ထွက်လာ​တော့
အ​ရေးကြီးသုတ်ပြာနဲ့ အခန်းထဲက ထွက်​ပြေးသွားတဲ့
သူ​ဌေးကို​တွေ့ရသည်။ ဖိနပ်​တောင် စီးချိန်မရဘဲ
​ပြေးသွားသည့်သူ့ကို ​ဂျောင်ကု အံ့သြ​​နေလေရဲ။
ကျန်​သော ၀န်ထမ်း​တွေလဲ အထူးအဆန်းကြည့်ကြသည်။
သူ​ဌေးက​တော့ သိမည့်ပုံမ​ပေါ်။

" ဖြူတုတ်!! ဘယ်သွားမှာလဲ "

ခြံတံခါး​တောင် မပိတ်အားပဲ ထွက်သွား​တော့
ဖြူတုတ်ကလဲ လှုပ်တုပ်လှုပ်တုပ်နဲ့ ထယ်​ဟျောင်း
​နောက်ကလိုက်သွားသည်၊၊ ​ဂျောင်ကုလဲ ​ခေါင်းနပန်း
ကြီးစွာ ပြေးလိုက်ရ​တော့သည်။ ဖြူတုတ်ကလဲ
အရမ်းသွက်လွန်းသည်။ လွှားခနဲ လွှားခနဲ ​ခြေတို​လေး​တွေနဲ့ ​ပြေး​နေသည်၊၊ လ​ရောင်ဆမ်းထားသည်မို့
ညကနက်​ပေမယ့် အရမ်း​တော့​မှောင်မ​နေ၊၊ သို့​သော်
ညကြီးမိုးချုပ်ဖြစ်တာ​ကြောင့် ​ကြောက်စိတ်လဲ၀င်​နေကာ
​ခြေလှမ်း​တွေက ​လေးပင်လျက်ရှိသည်။

" ဘယ်​တွေများ သွားပါလိမ့် "

​ဟောဟဲ...​ဟောဟဲဲ...

​တော်​တော်ကြာသည်အထိ လိုက်ပြီး သူ​မောလာသည်။
ခဏရပ်ကာ အ​မော​ဖြေလိုက်သည်၊၊ ဖြူတုတ်က​တော့
သူနဲ့ ​တော်​​​တော်​ဝေး​ဝေးကို​ရောက်​နေ​လေပြီ။ စပါးခင်းထဲ
ထယ်​ဟျောင်း​ရော ဖြူတုတ်ပါ ၀င်သွားသည်ကို ခပ်လှမ်း
လှမ်းက မြင်လိုက်ရသည်။ ထို့​နောက် မ​တွေ့​တော့

​ဂျောင်ကု အ​မော​ဖြေ​နေရာမှ စပါးခင်းဆီ သွားရ​တော့သည်။ စပါးပင်​တွေကြားမှာ သဲသဲကွဲကွဲမြင်​စေရန်
ဖုန်းမီး​လေးကို ဖွင့်လိုက်သည်။ ညသန်း​ခေါင်ကြီးမှာ
ဖြူတုတ်နာမည်​ရော သူ​ဌေးကိုပါမ​ခေါ်ရဲ .. တိတ်ဆိတ်
​နေရတဲ့အထဲ ကိုယ့်အသံကြားပြီး ကိုယ်ပြန်လန့်ချင်ချင်ရယ်။

စပါးပင်​တွေက ​တော်​တော် ​ရှည်တာ​ကြောင့်
ယားကျိကျိပင်ဖြစ်လာသည်။

PARALLEL [ Completed ]Where stories live. Discover now