( Unicode )
ရစ်ဆိုင်းနေသော အဖြူရောင် အခိုးအငွေ့များကြား
လုံး၀န်၍ ရွှေရောင်တ၀င်း၀င်းဖြင့်တောက်ပနေတဲ့ဘ
လုံးပတ်ရှည်တိုင်ကြီးများကို အမှီပြ၍ ဆောက်လုပ်
ထားသော နန်းတော်ကြီးက အလွန်ပင်ခမ်းနားလှသည်။အတွင်းပိုင်းတွင်မူ အနီရောင်ကောဇောများကိုခင်း၍
အလှဆင်ထားသည်။ကျယ်၀န်းလှသော အခန်းအတွင်း
ကြီးမားလှသော ကုတင်ကြီးတလုံးလဲရှိသေးသည်။
ကတ္တီပါရောင် ဖဲမွေ့ယာကြီးနှင့်ရွှေရောင် တ၀င်း၀င်း
တောက်ပနေသောကုတင်ကြီးက တကယ်ကို
လိုက်ဖက်ညီလှသည်။အိစက်ညက်ညောနေသော ဤကုတင်ကြီးထက်တွင်
အပူပင်ကင်းစွာ အိပ်စက်နေသော ထယ်ဟျောင်း ။
ဘေးအပါးတွင်လဲ သိကြားမင်းနှင့် ခြွေရံတော်နှစ်ယောက်က ကုတင်၏ တဖက်တချပ်စီတွင်အသီးသီူရပ်နေကြသည်။" ဒီကလေး အိပ်နေတာ တော်တော်ကြာပြီပဲ "
" မှန်လှပါ အရှင်!မင်းသားလေးက ပြင်းထန်တဲ့
ဒဏ်ရာ အရှိန်ကြောင့် အိပ်စက်သည်မှာ ယနေ့နှင့်ဆို
တပတ်တိတိ ရှိပြီးကြောင်းပါ "" သူ့ကိုယ်က ဒဏ်ရာတွေကရော
သက်သာပြီလားကွယ့် "" အရှင့်ရဲ့ မြေးတော်ဖြစ်တာကြောင့် တကယ်အစွမ်းထက်သော ဆေးမြစ်တွေဖော်စပ်ပြီး
ကုသထားပေးပါတယ် ဒီချိန်လောက်ဆို အနာတရများက နာကျင်ခြင်းမရှိ အမာရွတ်ရေးရေးသာ ကျန်ပါတော့တယ် ဘုရား "အခြွေအရံလျှောက်တင်သည်ကို သိကြားမင်းကြီး
ကျေနပ်သဖွယ် ခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံသည်။တဖန်အေးချမ်းစွာအိပ်ပျော်နေသော မြေးတော်လေးအား ကြည့်ရင်း တွေးမိသည်။
ကံဆိုးရှာတဲ့ ကလေး။ငယ်ငယ်ရွယ်ရွယ်နဲ့မိဘနှစ်ပါးလဲဆုံးရှုံးခဲ့ရလေပြီ။ကြမ်းတမ်းတဲ့ ပတ်၀န်းကျင်ကလဲ
နူးညံ့တဲ့မြေးလေးကို ရက်စက်စေခဲ့ပြီ။အသက်၂၀
တောင်မပြည့်သေးတဲ့ ဒီကောင်လေးရဲ့ မကောင်းမှုတွေဟာ သူ့အသက်ထက်မက သာလွန်နေလေပြီ။
အပစ်မတင်ရက်ပါ ။ တကယ်ဆို ကောင်လေးအမှားမဟုတ်။ ဒီလောကထဲကို ဒီလိုပုံစံရောက်အောင်
ဆွဲခေါ်လာတဲ့ သူ့ရဲ့မိဘနှစိပါးကြောင့်ပဲ။သိကြားမင်းကြီး ယူကျုံးမရဖြစ်ရသည်။သူလိုချင်တဲ့ မိသားစုဘ၀က
ဒီလိုမဟုတ်။မည်မျှပြင် တန်ခိုးအာဏာကြီးမာသည်ဟု
ဆိုစေကာမူ ပျော်ရွှင်ဖွယ်ရာ မိသားစုလေးကို ဖန်တီးယူ၍မရပေ။
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021