Chapter-8

2K 249 18
                                    

( Unicode )

*ကောင်းကင်ဘုံတိုင်းပြည်*

" ဘာ  "

" မလုပ်နိုင်ဘူးလား "

" ခင်ဗျား ရူးနေလား ကျုပ်ကိုဘယ်သူဆိုတာရော
သိရဲ့လား "

" ငါဘယ်သူလဲဆိုတာရော မင်းသိရဲ့လား "

" ကျုပ်အဖိုးမဟုတ်လား ခင်ဗျားပဲပြောပြတာလေ
ဘာလဲ အဖိုးမို့ရိုသေရမှာလား ဒီမြေရဲ့ အရှင်သခင်မို့
ကျုပ်က လေးစားရမှာလား "

သိကြားမင်းသည် ကင်မ်ထယ်ဟျောင်းရဲ့
ရိုင်းစိုင်းတဲ့စကားလုံးတွေကို အပြစ်မြင်တဲ့အပြင်
ပြုံးတောင်ပြုံးလိုက်ပါသေးသည်။အပြစ်လို့လဲ
ယူဆလို့မရပေ ။ ဒီကောင်လေး မွေးတဲ့နေရာကိုက
ကြမ်းတမ်းရက်စက်လွန်းသည် မဟုတ်လား။

" ငါ့မြေး အပြစ်တွေက များလွန်းတယ်ဆိုပေမယ့်
တခြားအမှောင်မိစ္ဆာတွေ လောက်တော့ မြေးစိတ်က
မညစ်ညမ်းသေးဘူး "

" ..... "

" ပြင်ဆင်ချိန်တွေက မှီပါသေးတယ် မြေးရယ် "

" ကျုပ်ကိုပြန်လွှတ်ပေး ကျုပ် ဟိုကောင့်ကို
ပြန်ကလဲ့စားချေရမယ် "

" အဲ့တာပြောတာလေ မင်း အဖေအတွက်
ကလဲ့စားချေချင်တယ်မလား "

" အဟင်း ဘာလဲ ခင်ဗျားတို့က
ဒါနဲ့အကျပ်ကိုင်မို့လား "

ခါးထောက်ကာ အဘိုးဖြစ်သူမျက်လုံး
တည့်တည့်ကြည့်ကာ ပြောနေသည့်ပုံက
လုံး၀အကြောက်အလန့်မရှိ

" မဟုတ်ဘူး ! မင်းအတွက်အန္တရာယ် များလွန်းလို့ပြောနေတာ ပြီးတော့ မင်းမကောင်းမှုတွေပဲ
ဆက်လုပ်နေရင် မင်းအတွက်ကောင်းမှာမဟုတ်ဘူး "

" ဘာမကောင်းမှုလဲ လူသွေးစုပ်တာ ကျုပ်သွေးသား
ဆန္ဒရဲ့ တောင်းဆိုမှုပဲ အသက်ရှင်ဖို့အတွက်
သောက်သုံးရတာပဲလေ "

" ဟုတ်ပြီ ။ နားလည်တယ် မင်းကို
ငါခိုင်းတဲ့တာ၀န်ကို မင်း ထမ်းဆောင်ပေးနေရင်
မင်းစွမ်းအားတွေလဲ ဒီထက်ပိုတိုးမယ် ‌မင်း
ကလဲ့စားချေချင်တဲ့သူကိုလဲ‌ ချေခွင့်ရမယ် "

" ဘာများလဲ "

အဘိုးဖြစ်သူက ရယ်လိုက်ပြီး ထယ်ဟျောင်းပခုံးပေါ်
လက်တင်ကာ

PARALLEL [ Completed ]Donde viven las historias. Descúbrelo ahora