Chapter-32

1.1K 174 39
                                    

( Unicode )

" သူ​ဌေး ထပ်ပြီး သတ်လိုက်ပြန်ပြီ "

" ​ဂျောင်ကု "

အနားကို ထပ်ပြီးတိုးလာတဲ့ ထယ်​ဟျောင်းကို သူ
ပြန်တွန်းထုတ်လိုက်ပြီး အခန်းထဲမှ ချက်ချင်း​ပြေး
ထွက်ခဲ့သည်။

" ​ဂျောင်ကု !! မသွားပါနဲ့ "

ထယ်​​ဟျောင်းရဲ့ ​​နောက်က​ခေါ်သံ​တွေကို မသိကျိုးကျွံပြုကာ ​ပြေး​နေဆဲ။ ဖိနပ်​တောင် စီးမအား​တော့ ခြံထဲ​ရောက်သည်အထိ ​ပြေး​နေတုန်းပင်။ ဘာ​ကြောင့် ​ပြေး​နေမှန်း
မသိဘူး။ ထယ်​ဟျောင်းနဲ့ မျက်နှာချင်း မဆိုင်ချင်​သေး
​သော​ကြောင့်လဲဖြစ်မည်။

" ​ဂျောင်ကုရယ် ရှင်းပြပါရ​စေအုံး "

' အ '

​ခြေဗလာနဲ့​ပြေး​နေ​သော ​ဂျောင်ကုတစ်​ယောက် ခဲလုံး
နင်းမိကာ ခလုတ်တိုက်လဲ​တော့သည်။ ​ခြေဖဝါးထဲ ခဲချွန်က နစ်ဝင်သွားတာ​ကြောင့် ​သွေး​တွေက စိမ့်ထွက်လာသည်။ နာကျင်​နေတာ​ကြောင့် ထမ​ပြေးနိုင်​​တော့ဘဲ မြက်ခင်းပြင်​ပေါ်မှာ ပုံလျက်​​လေးလဲလျက် ​ပြေးလာ​သော
ထယ်​ဟျောင်းကိုသာ မျက်ဝန်းငယ်များဖြင့် ကြည့်​နေမိသည်။ ထယ်​ဟျောင်း အနားကို ချက်ချင်း​ရောက်လာပြီး
ထိုင်ချလိုက်ကာ သူ့ပခုံးနှစ်ဖက်အား ကိုင်၍

" ဘာလို့ ​ထွက်​ပြေးတာလဲ ​ဂျောင်ကုရယ် "

" ခင် ခင်ဗျား သူများ အသက် သတ်ခဲ့ပြန်ပြီမလား "

" ​ဂျောင်ကု ​ခြေ​ထောက်က ​​သွေး​တွေထွက်​နေတယ် "

" ကျွန်​တော်​မေးတာသာ​ဖြေပါ "

" မင်း ​ခြေ​ထောက်ကို အရင်ဂရုစိုက်အုံး ကိုယ်ပြီးရင် အကုန်​ပြောပြမယ် အဲ့​တော့မှ အပြစ်တင်​ချင်သ​လောက်တင် အခု​တော့ မင်းဒဏ်ရာကို အရင် ဂရုစိုက်အုံး "

​​ပေကပ်ကပ်​နေ​နေတဲ့ ​ဂျောင်ကုကို စိတ်မရှည်​တော့ဘဲ
သူကိုယ်တိုင်ပဲ ​ဂျောင်ကု ​ခြေဖဝါးထဲ နစ်ဝင်​နေသည့်
ခဲလုံးကို ဆွဲထုတ်လိုက်သည်။ နာလို့ ​ဂျောင်ကုမ​အော်
အံကိုသာကြိတ်ထားသည်။ ခဲချွန်က နဲနဲကြီးတာမို့
ဒဏ်ရာကလဲနက်သည်။ ​သွေး​တွေကလဲ ပိုလို့ပင် စိမ့်
ထွက်လာသည်။

PARALLEL [ Completed ]Where stories live. Discover now