နံရံပတ်ပတ်လည်ကို အုတ်ခဲများဖြင့် စနစ်တကျ
ဆောက်လုပ်ထားသည်။ မှောင်နေသော အခန်းအတွင်း တောက်လောင်နေသော မီးတိုင်များကို နံရံတွင်
အကွာအဝေးတူညီစွာ ချိတ်ဆွဲထားသည်။ မြင့်မားလှ
သော အုတ်နံရံကြားတွင် လူသွားစင်္ကြန်သည် လူတစ်
ကိုယ်စာသာ သွားလာလို့ရသည်။ လမ်းအဆုံးတွင်
တော့ သံတိုင်များဖြင့် ကာရံထားသည့် အကျဥ်းချရာ
အခန်းများကိုတွေ့ရမည်။ တွဲဆက်ထားသော အခန်းများ
မှာ မျက်စိတဆုံးကြည့်၍ပင် မလောက်နိုင်အောင်
ကြီးမားလွန်းလှသည်။မီးရောင်ဖျဖျသာရသော ထိုအခန်းအတွင်းတွင်
ညည်းတွားသံများနှင့် ရိုက်နှက်သံများမှအပ
တခြားအရာများရှိမနေပေ၊၊' ရွှတ် '
' ရွှတ် '
အရှေ့မျက်နှာစာကို သံတိုင်များကာထားသည့်
အကျဥ်းထောင် အခန်းကျဥ်ငယ်ထဲတွင်တော့
အပြင်က ထက်ပင် မှောင်လို့နေသည်။ မီးတိုင်
တစ်ခုသာ ချိတ်ဆွဲထားသော အခန်းငယ်အတွင်း
မည်သည့်အရာမျှကို ကောင်းမွန်စွာ မတွေ့ရ။နရံတဖက်တချပ်စီကနေ တွဲလျောင်းကျနေသော
သံကြိုးများကို လက်ကောက်၀တ်တွင် ချိတ်ခံထား
ရသော လူငယ်တစ်ဦးသည် နံရံ၏အလယ်တွင်
ရှိနေ၏။ ရုပ်သေးရုပ်ပမာ ချိတ်ဆွဲခံရသော လူငယ်
သည် ခေါင်းပင်မော့မကြည့်နိုင်လောက်အောင်
နာကျင်မှုကို ခံစားပြီးဖြစ်သည်။ကြိမ်ဒဏ် အချက်၅၀၀အထိ အရိုက်ခံပြီးသောကြောင့်
ထိုလူမှာ မျော့မျော့သာကျန်တော့၏။အပေါ်ပိုင်းအ၀တ်
ဗလာ ၊ အောက်တွင်သာ ချည်ကြမ်းသား ဘောင်းဘီ
ရှည်အနက်ရောင်ကို ၀တ်ထားရသည်။ ကြိမ်ဒဏ်
ကြောင့် အပေါ်ပိုင်းတခုလုံးမှာ အချိုးရာတွေက
နေရာမလပ်ရှိကြသည်။" အရှင် "
ရွှေ၀ါရောင်လွှမ်းခြုံထားသော ၀တ်ရုံပိုင်ရှင်သည်
ဖြေးဖြေးချင်းထိုလူငယ်အနားသို့လျှောက်လာသည်။ ကြိမ်ကိုင်ဆောင်ထားသောသူသည် ချက်ချင်းပင် ခါးကိုင်းညွတ် အရိုအသေပေးလိုက်သည််။ အရှင်ဆိုသူက လက်ကာပြကာ ထွက်သွားခိုင်းသည်နှင့် ထွက်သွားသည်။ အရှင်ဆိုသူနှင့်လူငယ်နှစ်ဦးသာ ကျန်သည့်အခန်းသည်
ခြောက်ကပ်တိတ်ဆိတ်လှသည်။
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021