Chapter-4

1.9K 253 3
                                    

(Unicode)

လာမယ်ဆိုတဲ့ ကတိမပေးခဲ့ပေမယ့်လည်း
ထယ်ဟျောင်း ယုံကြည်ချက်အပြည့်နဲ့စောင့်နေခဲ့သည်။
သူ့ကြောင့်ဖြစ်စေ တိုက်ဆိုင်လို့ပဲဖြစ်စေ သူမ ဒီနေ့
ရောက်လာမယ်လို့ ထင်နေမိသည်။

အမွှေးတိုင် တစ်တိုင်နှင့်တစ်ဝက်စာကုန်ပြီးချိန်
လောက်ထိ သူမ ရောက်မလာသေး။ဒီလောက်
အချိန်အတိုင်းအတာလေးနဲ့တော့ ထယ်ဟျောင်း
လက်မလျော့သွားပါ။ထိုင်လိုက် ထလိုက်
ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ပဲ
ဇွဲရှိရှိကိုစောင့်သည့်။

" သူခိုး သူခိုး "

" လိုက်ကြဟ!! သူများပစ္စည်းခိုးတဲ့ကောင် "

ဆူဆူညံညံ အသံကြားရာကြည့်မိပြန်တော့
ဝရုန်းသုန်းကားပြေးလိုက်လာကြသည့်လူတစ်စု
ရှေ့မှာလဲ ထိုလူအုပ်ကြီးအား လှည့်ကြည့်လိုက်
ရှေ့ကိုပြေးလိုက်လုပ်နေသော ပေစုတ်လှတဲ့
လူ ၊ ထော့နဲ့နဲ့ဖြစ်နေပုံထောက်ရင် ခြေတဖက်ဆာ
နေတာဖြစ်မည်။

အော်ဟစ်သောင်းကျန်းသူတစ်စုထံမှ
လွတ်အောင်ပြေးနေသော်လည်း
ထိုပေစုတ်စုတ်မှာ ပြေးလွတ်မည့်ဟန်မပေါ်ပေ။

လဲကျသွားသည့် အခိုက်အတန့်က လူတစ်စုအတွက်တော့
အခွင့်ကောင်းရလိုက်သလိုပင်။

အနားရောက်သည်နှင့် တဘုန်းဘုန်းနဲ့
အသံမြည်အောင် ရိုက်နှက်ဆဲဆိုကြတော့သည်။
ဒီအထိထယ်ဟျောင်း ဝင်ပါရကောင်းမှန်းမသိသေး။
ကိုယ်နဲ့မဆိုင်သည့် ကိစ္စဖြစ်တာရယ် နောက်ပြီး
လူတွေရဲ့ အပြုအမူတွေကို လေ့လာချင်တာရယ်ကြောင့်
လက်ပိုက်ကာ ရပ်ကြည့်နေမိသည်။

ညှာတာစိတ်ကင်းမဲ့စွာ ညှင်းပန်းနေမှု
အရိုက်အနှက်ခံရတဲ့လူကလဲ မြေပေါ်မှာ
လူးလှိမ့်ကာ အော်နေရှာသည်။များပြားလွန်းတဲ့
ခြေကန်ချက်များကို မရှောင်လွှဲနိုင်အောင်
ထိုလူသည် အင်အားချိနဲ့လွန်းလှသည်။

" ငါ့ဆန်မုန့်ကို ငွေမပေးဘဲ စားတဲ့ကောင်
သေစမ်း သေ သေ "

ဘာတန်ဖိုးကြီးပစ္စည်းလဲလို့ ဆန်မုန့်လေးတစ်ချပ်တဲ့
ဆန်မုန့်လေးတစ်ချပ်ရဲ့တန်ဖိုးကအဲ့လောက်တောင်ပဲ
ကြီးသွားလေသလား ၊ အနီးအနားက လူတွေဟာပင်
မသနားသည့်အပြင် အထင်သေးသော မျက်လုံးများဖြင့်
နှာခေါင်းရှုံ့သွားတတ်သေးသည်။

PARALLEL [ Completed ]Where stories live. Discover now