( Unicode )
' ဇွက် '
' အင့် '
ချွန်မြနေသောဓါးထိပ်က လျှောလျှောရှူရှူပင်
ဝမ်းဗိုက်ထဲသို့နစ်ဝင်သွားသည်။ နာကျင်လွန်းလို့
ထယ်ဟျောင်းမျက်လုံးတွေကို စုကျုံ့မှိတ်ထားမိသည်။
ရက်ရက်စက်စက်ဆွဲထုတ်လိုက်တော့ ဓါးသွားများက
အသားစိုင်တွေကို ပွတ်တိုက်ရှသွားသည်။ ထယ်ဟျောင်း
လက်သီးကိုသာကျစ်ကျစ်ဆုပ်ထားမိသည်၊၊ မအော်မိ။ညှာတာမှုကင်းမဲ့စွာပဲ နောက်တစ်ချက်စူးနစ်ဝင်လာ
ပြန်တယ်။' အဟွတ် '
ထယ်ဟျောင်းပါးစောင်မှ သွေးများလျှံထွက်ကျဆင်း
လာသည်။ ဂျောင်ကုဓါးကိုပြန်ထုတ်လိုက်သည်။
ကိုင်မြှောက်ထားတဲ့လက်တွေကို မချသေးပဲ
သွေးဝနေသော ဓါးထိပ်ကို တုန်လှုပ်စွာကြည့်နေသည်။' ချလွမ် '
ပျာပျာသလဲပင်ဓါးကို ကြမ်းပြင်ပေါ်သို့ လွှတ်ပစ်လိုက်
ပြီး တဖက်က ဆိုဖာလက်တန်းနားကို ဆုတ်သွားသည်၊၊
ဒူးနှစ်ခုလုံးထောင်ထားကိုင် စုကွေး၍ထိုင်နေသည်။
ဂျောင်ကုပုံက စိတ်ရောဂါသည်တစ်ယောက်လို ၊ ဝိညာဥ်ပူးကပ်ခံနေရသူတစ်ဦးလိုလုပ်မိလုပ်ရာလုပ်ပြီးမှကြောက်လန့်နေသည်။သွေးစွန်းနေသော သူ့လက်ဖဝါးတွေကိုချောက်ခြားစွာကြည့်နေသည်။ ခေါင်းတွေကို ခါယမ်းသည်။" မဟုတ်ဘူး ငါလုပ်တာမဟုတ်ဘူး "
သွေးပေနေသောလက်တွေနဲ့ပင် ဆံပင်တွေကြားထဲ
ထိုးဖွဆွဲဆုပ်ထားလိုက်သည်။ မျက်နှာကို ဒူးပေါ်အပ်
၍ ငိုက်ထိုးကျနေကာ ခေါင်းတွေကိုလဲ အဆက်မပြတ်
ခါနေဆဲ၊၊ ဦးခေါင်းတစ်ခုလုံး ကျိန်းစပ်သွားလောက်
အောင် ဆံပင်တွေကို ဆွဲစုတ်နေမိသည်။" အိမ်မက်ပဲဖြစ်မှာပါ အိမ်မက် . . . ပဲ "
သူ့လုပ်ရပ်တွေကို သူလက်မခံနိုင်။မယုံကြည်ချင်။
ဒီအိမ်မက်ဆိုးကြီးမှ အမြန်ဆုံးနိုးထချင်နေပြီ။
နိုးထခွင့်ပေးပါတော့ ၊၊နာတယ်...ကိုယ့်ဆံပင်ကို စာနာမှုမရှိ ဆွဲစုတ်ပစ်နေရ
တာ နာတယ် ၊၊ ဘာလို့လဲ အိမ်မက်လေ ၊၊ အိမ်မက်ဆို
ရင်မနာကျင်နဲ့လေ ၊၊
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021