Chapter-24

1.1K 155 23
                                    

( Unicode )

" Yah! သူများ Privacy ကိုချိုး​ဖောက်ရာ
ကျမ​နေဘူးလား "

" ​​ရပါတယ် ဂျာကြီးကလဲ သူများမှမဟုတ်တာ
အစ်မဆိုရာဆိုတာက ကိုယ့်အစ်မလိုပဲကို "

အစ်မဆိုနောက်လိုက်​ချောင်းဖို့ရာ ကားမရှိ ၊
မရှိ​တော့ဂျာကြီးကားငှားလာ ၊ ငှား​​တော့ ဦးကပ်​စေးက
မ​ပေးချင်။ မ​ပေးချင်တော့ အတင်းတောင်း ၊ အတင်း
​တောင်းရင်းက အခုလိုသူပါလိုက်ခဲ့ရသည့် အဖြစ်ကို
​​ရောက်​ရောပဲ။

" ရပ်​တော့ ရပ်​တော့ "

ဆိုရာ ငှားစီးလာသည့် တက္ကစီ​လေးရပ်သွား​တော့
သူတို့လဲ​လိုက်ရပ်လိုက်သည်။ ပတ်ဝန်းကျင်အ​နေအထား
အရ လူချမ်းသာ​တွေ​နေသည့် ရပ်ကွက်ဖြစ်ပုံရသည်။
​လမ်းမတန်းနှင့်ပင်​ဝေးကာ ဘတ်စ်ကားသိပ်မ​ပေါက်
သည့်​နေရာမျိုးဖြစ်သည်။ အထပ်မြင့်သာမန်တိုက်ခန်း
မျိုးနဲပါးပြီး လုံးချင်းအိမ်ရာကြီးများသာ များသည်။

ဆိုရာကား​ပေါ်ကဆင်းပြီး လမ်းကြား​လေးတစ်ခုကို
ချိုးဝင်လိုက်သည်။ ​ဂျောင်ကုတို့လဲ အ​နောက်က​နေ
​ဖြေး​ဖြေး​လေး​မောင်းပြီးလိုက်ခဲ့ရသည်။

လမ်းက ​မှောင်ရိပ်​တော်​တော်ကျ​နေသည်။ မီးတိုင်​တွေ
ကလဲ ဖွင့်တဲ့တိုင်ကဖွင့်မဖွင့်တဲ့တိုင်က မဖွင့်ဆို​တော့
လင်းလင်းထင်းထင်းသိပ်မရှိ။စောက်သူ​ဌေး​တွေက
လမ်းမီး​တောင်မဖွင့်နိုင်​အောင် မွဲ​နေကြပြီလားမသိပါ။

ဂျာကြီးက ကား​မောင်းသည်။ သူ့​ဘေးမှာ​​တော့
အစ်မမီလန်း ၊ ​နောက်ခန်းတွင်​တော့ ​ဂျောင်ကု ၊
သို့​သော် သိချင်စိတ်​ကြောင့် ​ဂျောင်ကုမှာ ကိုယ်လုံးနဲ့
​ခေါင်းက ​ခေါင်းခန်းပင်​​ရောက်​နေကာ ဂျာကြီးနဲ့
မီလန်းနှစ်​ယောက်ကြားမှာ ​ခေါင်း​လေး တ​ထောင်
​ထောင်နှင့်။

" ​ဂျောင်ကု မင်း အသာ​လေးငုံ့ပါအုံး
မင်းတ​​စ်ကောင်ထဲ ထိုးထွက်​နေတယ် "

ဂျာကြီး​ပြော​တော့မှ ​ဂျောင်ကုလဲ သူတို့နှစ်​ယောက်လို
ကုပ်​ချောင်း​ချောင်းပုံ​လေး ​ပြောင်းလိုက်ရသည်။

PARALLEL [ Completed ]Where stories live. Discover now