(Unicode)
" ဗိုက်ဆာတယ် "
" ဘာမှ မသောက်ခဲ့ပဲ အပြင်ထွက်လာတာလား "
ဆေးပုလင်းသုတ်ရင်း တန်းလန်းနဲ့မှ
Ray ကိုလှည့်ကြည့်၍ မေးလိုက်သည်။" သောက်ပြီးပြီ ဒီတိုင်း ပြောကြည့်တာ ဟီး "
စပ်ဖြဲဖြဲလုပ်နေတဲ့ Ray ကို Air မျက်စောင်းထိုး
လိုက်သည်။သုတ်လက်စ ဆေးပုလင်းတွေကို
ပြန်သုတ်နေလိုက်သည်။" ချွေချွေတာတာလေး လုပ်အုံး ကိုယ့်သခင်
အခုတလော စုံထောက်တွေအများကြီးပဲ
အရင်လို သွေးရဖို့မလွယ်တော့ဘူး "Ray ဘက်က ဘာမှတုံ့ပြန်ခြင်းမရှိဘဲ
အေးတိအေးစက်ပင်။ ဆေးထိုးအပ်တွေကို
လျှောက်ကိုင်နေပြန်တော့လဲ သွားလုရပြန်သည်။" ကျစ် Ray အဲ့တာတွေ မဆော့နဲ့လေဗျာ ! "
ဇက်ခနဲသူဆွဲယူလိုက်တော့လဲ Ray က
စိတ်ဆိုးခြင်းမရှိ ပြုံးစိစိနဲ့သာ" မင်းမှငါ့ဂရုမစိုက်တာ ပျင်းတာပေါ့ "
" ကျွန်တော်က အလုပ်လုပ်နေတာလေ "
ဖွထားတဲ့ ဟာတွေကို သိမ်းဆည်းရင်း
ဖြေနေရတော့ Air မျက်မှောင်လေးတွေက
စုကျုံ့နေလျက်ရှိသည်။" ဘာလို့ ညဘက်ကြီး အပြင်ထွက်လာသေးလဲ "
" ဟ ငါ ညဘက်ပဲ ထွက်လို့ရတာလေ "
" ဪ " ဟုတ်သားပဲ ဟုတွေးမိလိုက်သည်။
ဘာမှတော့ပြန်မပြောမိ လုပ်စရာရှိတာသာ
ဆက်လုပ်နေသည်။အသစ်အဆန်းတော့မဟုတ်တော့ပေ။ Ray က
ညဘက် သူဆေးခန်းထိုင်တိုင်း ပျင်းရင် လာလာ
နှောင့်ယှက်စမြဲ။ စိတ်ရှုပ်ရတယ်ဆိုပေမယ့်လဲ
တခါတလေ သူမရှိရင်လဲ ပျင်းနေပြန်ရော...' ဂျိန်း '
အမေ့
မိုးကြိုးပစ်သံကြောင့် Air ကြောက်ကြောက်လန့်လန့်နှင့်
နားပိတ်လိုက်သည်။" ဟ ဟ ငကြောက် "
သူ့ နားနားကပ်ကာ လှောင်နေတဲ့ Ray အသံတွေက
ခပ်သြသြရယ်
VOUS LISEZ
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021