Chapter-14

1.3K 184 11
                                    

( Unicode )

​ဂျောင်ကုယူသွားတဲ့ ဗန်းကို ထယ်​ဟျောင်း
ဇက်ခနဲ ဆွဲယူလိုက်တယ်။

" ရတယ် ကိုယ်ပဲ ​ဆေးမယ် "

စိတ်ဆိုးလို့ဆိုတာထက် ကိုယ့်ကိုယ်ကို​တောင်
မသိဘဲကျ​နေသည့် မျက်ရည်​တွေကို ​ကောင်​လေး
မြင်သွားလို့ ရှက်သည့်စိတ်သာ ရှိသည်။
ကိုယ်က မင်း​ရှေ့ဆိုရင် သန်မာတဲ့ပုံပဲ
ပြသချင်တာ..

အ​နောက်က လှုပ်လှုပ်လှုပ်လှုပ်နဲ့ပါလာတာကို
သိ​ပေမယ့်လဲ ထယ်​ဟျောင်း မလှည့်ကြည့်မိ။

​ဘေစင်မှာ ​သောက်ထားတဲ့နွားနို့ခွက်ကို
ဆပ်ပြာရည်နဲ့ကျင်းလိုက်ပြီး လင်ဗန်းကိုလဲ
​ရေ​ဆေးလိုက်ကာ စင်မှာ ​မှောက်ထားသည်။

အခုထိ ​ကောင်​လေးက သူ့နားက မခွာ​သေးဘဲ
မျက်လုံး၀ိုင်း​လေး​တွေနဲ့ တ​ကောက်​ကောက်
လိုက်​နေသည်။

ကြည့်ရတာ သူ့ကိုလဲ စကားမ​ပြောရဲတဲ့ပုံနဲ့၊၊
ထယ်​​ဟျောင်း ​လှေကား​ပေါ်ကို ပြန်တက်ပြန်​တော့
​ကောင်​လေးကလဲ အမြန်ပဲလိုက်လာသည်။

" အ "

အသံစူးစူး​လေး​ကြောင့် လှည့်ကြည့်လိုက်​တော့
​လှေကားထစ်မှာ ​မှောက်လျက်လဲ​နေတဲ့ ​ကုကု​လေး

" ဘယ်လိုဖြစ်ရပြန်တာလဲကွာ "

မ​နေနိုင်ပြန်​တော့လဲ သွားထူရပြန်သည်။

" ရလား "

" ဟုတ် ရပ်နိုင်ပါတယ် "

ဒူး​ခေါင်း​လေးပွတ်ပြီး ရုပ်​လေးက
ရှုံ့မဲ့မဲ့နဲ့ ၊ ထယ်​ဟျောင်း ​ခေါင်း​တွေချည်း
ထုပစ်ချင်​နေပြီ။

" ဘာလို့ အ​နောက်က​နေ ​လျှောက်လိုက်​နေတာလဲ "

" သူ​ဌေး စိတ်ဆိုးသွားတယ် ထင်လို့ "

" မဆိုးပါဘူး လာ အ​ပေါ်တက်မယ်
​မိုးမိထားတာ ​စောအိပ်​တော့ "

" ဟုတ် "

သူ​ရှေ့ကတက်သွား​​တော့ သူ့အင်္ကျီ​လေး
ဆွဲပြီးလိုက်လာသည်။ ​ကောင်ဆိုး​လေး
​ပြောပြီးရင် အခုလိုလဲချွဲတတ်တာပဲလား

အခန်းထဲ​ရောက်​တော့လဲ သူက မအိပ်​သေးဘဲ
ကိုယ့်ကိုယ်လိုက်ကြည့်​နေသည်။ ထယ်​ဟျောင်း
သူကသာ မျက်စိ​​ဒေါက်ထောက် လိုက်ကြည့်ခဲ့တာ
သူပြန်အကြည့်ခံ​နေရ​တော့ နဲနဲ​​တော့ ရှက်စရာ ​
ကောင်းသလိုပင်။

PARALLEL [ Completed ]Where stories live. Discover now