Extra (3)

1.1K 124 0
                                    

Unicode

ဝမ်ရိပေါ်က စကားတစ်ခွန်းတည်းနှင့် မီးသေနေသည်။အိမ်အဝင်အဝခြေနှင်းခုံမှာ ဒူးထောက်လက်မြောက်လို့ ခေါင်းငုံ့လျက် သူ့အရှေ့တွင်တော့ ရှောင်ကျန့်က green tea သောက်ကာ ဆိုဖာပေါ်တွင်အေးဆေးထိုင်နေ၏။ပြီးတော့ အပြစ်သားလေးဝမ်ရိပေါ်ကမျက်လုံးလှန်ကြည့်လာတော့ အရှေ့မှမှန်တင်ခုံလေးပေါ်သို့ ထို green tea ဘူးလေးအား စောင့်ချပစ်လိုက်တာကြောင့် ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်က ကြောက်လန့်ဟန်တုန်တတ်လို့သွားသည်။

"နောက်တစ်ခါအော်ဦးမလား.."

"ကိုယ်မအော်ခဲ့.."

ရှောင်ကျန့်က မျက်ခုံးပင့်လိုက်သည်။သူအော်တယ်ဆို အော်လိုက်လေဟူသည့်သဘောမျိုး။ဝမ်ရိပေါ်က အထာနပ်ပြီးသားပင်။

"မအော်တော့ပါဘူး.."

"ကိုယ့်အမှားကိုယ်သိလား.."

မှားမှား၊မှန်မှန် ဒီလိုအချိန်မှာ တစ်ခွန်းတည်းသာပြောလိုက်။

"ကိုယ်မှားသွားပါတယ်.."

ရှောင်ကျန့်ရဲ့မျက်နှာက ပြေလျော့သွားခဲ့ပြီးဆိုဖာပေါ်မှထလိုက်၏။မှားပါတယ်လို့တောင်းပန်နေမှတော့ သူဒီထပ်မနှိပ်စက်ရက်တော့ဘူး။

"ထတော့..ထမင်းဝိုင်းပြင်ပြီးပြီ..စားကြရအောင်.."

ဝမ်ရိပေါ်က ထမလာဘဲ ဒူးနဲ့တစ်ရွတ်တိုက်အမြန်သွားကာ မတ်တပ်ရပ်မလိုလုပ်နေတဲ့ ရျောင်ကျန့်ခါးကိုပြေးဖက်လိုက်တာကြောင့် ပြန်ထိုင်ကျသွားတဲ့ ရှောင်ကျန့်ပေါင်ပေါ်မျက်နှာအပ်သည်။

"နောက်တစ်ခါကွာရှင်းဖို့မပြောနဲ့နော်.."

"ဘယ်သူကရော ပြောချင်မှာလဲ..!"

စိတ်ဆိုးပြေသွားပေမဲ့ လေသံချက်ချင်းပျော့သွားလို့မဖြစ်တာမို့ ရှောင်ကျန့်စကားသံက ဆတ်နေသေးသည်။အကယ်၍ အသံနေအသံထားပျော့သွားပါက ဝမ်ရိပေါ်ဆိုတဲ့လူက ရောက်တတ်လို့လာမည်။

"တွေ့လား..အသံကိုက စိတ်ဆိုးတဲ့လေသံကြီးနဲ့.."

"ဘေးဖယ် ဘေးဖယ်.."

ရှောင်ကျန့်ဟာ စိတ်မရှည်သလို ဝမ်ရိပေါ်ရဲ့ပုခုံးများကိုတွန်းဖယ်၍ ပြောသော်လည်း ဝမ်ရိပေါ်ကတော့ ခေါင်းမာစွာဖြင့် အသက်ငယ်ငယ်ကလေးလေးလိုပိုတိုးဖက်ကာ ခေါင်းခါသည်။သူက ရှောင်ကျန့်ထက်အသက်ကြီးတာမှန်ပေမဲ့ တစ်ခါတစ်လေ တစ်ချို့အခွင့်အရေးတွေက ကလေးလိုလို၊ခွေးလိုလိုလေး ဟန်ဆောင်ပန်ဆာင် လုပ်ပြမှရမည်ဖြစ်၏။

My Dear Dolphin(completed)Where stories live. Discover now