Unicode
နောက်ဆုံးတော့ လက်ထပ်ဖို့ကိုအားလုံးသဘောတူသွားကြပေမဲ့ ကျန်းချန်က အင်တင်တင်လုပ်နေတုန်းပဲ။ဒါကလည်း သူ့အပိုင်းပါ။သူသဘောတူတူ မတူတူ ဝမ်ရိပေါ်က သိပ်ဂရုစိုက်တဲ့အထဲမပါဘူး။လက်ထပ်လို့မဖြစ်တဲ့နိုင်ငံကြောင့် တရုတ်နိုင်ငံမှာပါတီလုပ်ပြီး အမေရိကမှာ လက်ထပ်ဖို့လုပ်ကြသည်။ဝတ်စုံကတော့ ခရစ်စတီးနားက သူတာဝန်အပြည့်ယူတယ်ဟု ပြောလို့ သူ့ဆိုင်မှာ အကျီကြည့်နေကြခြင်းဖြစ်သည်။
ကျန်းချန်က ဆိုဖာနောက်မှီကိုမှီထိုင်ကာ အေးဆေးထိုင်နေသည်။တစ်ကယ်ဆို သတို့သားနှစ်ယောက် အကျီလာတိုင်းတာကို အကိုဖြစ်သူက လိုက်စရာမလိုတာကို အတင်းကိုလိုက်ပို့မယ်ကြီးပဲ။
"သတို့သားလေးထွက်လာပါပြီ.."
ဝတ်စုံအပြည့်ဖြင့်ထွက်လာသော ရှောင်ကျန့်သည် အဖြူရောင်ဝတ်စုံနှင့်လိုက်ဖက်ညီစွာ မျက်နှာပေါ်မှယုန်သွားလေးနှစ်ချောင်းပြူးလျက်အပြုံးသည် အသက်ဝင်လှ၏။
ဝမ်ရိပေါ်ဆိုသည်မှာ ကဲကဲသဲသဲဟုပြောရလောက်သည့်တိုင်အောင် မမှိတ်မသုန်ကြည့်နေကာ ဘာစကားမှမပြောဘဲ ရှောင်ကျန့်ရဲ့ ဘယ်ဘက်ပါးလေးကိုထိကိုင်လျက် ကြည်နူးနေပုံများ ဝန်ထမ်းမမတွေပါ ပြုံးစိစိဖြစ်မိသည်အထိပင်။
"ရိပေါ် တစ်ခုခုပြောဦးလေ.."
"ကိုယ်က ဘာပြောရမှာလဲ.."
"တစ်ခုခုပေါ့ ဒီဝတ်စုံနဲ့လိုက်တယ်တို့ဘာတို့.."
ဝမ်ရိပေါ်သည် ရှောင်ကျန့်ရဲ့အခုလိုပုံစံလေးကို မှတ်တမ်းတင်ထားကာ တစ်သက်လုံးသာထိုင်ကြည့်နေလိုက်ချင်သည်။ရှောင်ကျန့်သည် သူ့ပါးစပ်မှထုတ်ပြောစရာမလိုအောင် ပြည့်စုံလွန်းတဲ့ လူသားလေးဖြစ်နေတာကို သူကဘာပြောစရာလိုဦးမှာလဲ။တစ်ကယ်ဆို ထုတ်ပြောရာ စကားကိုရှာမတွေ့ခြင်း။
"ဟဲ့ရေ ဘော့စ်ငိုနေတာလား.."
ဆိုင်ဝန်ထမ်းမလေးနှစ်ဦးရဲ့အချင်းချင်းပြောဆိုနေတဲ့အသံကြောင့် ဆိုဖာပေါ်မှကျန်းချန်ကိုလှည့်ကြည့်မိတော့ မျက်လုံးပေါ်လက်ဖဝါးအုပ်ထားကာ သိသိသာသာကို ငိုနေခြင်းဖြစ်သည်။
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...