Extra 1

1.9K 210 8
                                    

Unicode

"ရိပေါ်..ကျွန်တော်လက်လေးကို နမ်းလိုက်ပါ.."

အိမ်ပြန်ဖို့ ရှောင်ကျန့်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာလာကြိုတာကို တွေ့တွေ့ချင်းပြုံးပြီး လက်ကိုလာနမ်းခိုင်းခြင်းပေ။ခက်ပြီ အနမ်းခံချင်ရင် အိမ်မှာစိတ်ကြိုက်မွမှာပေါ့။အဲ့လိုပဲ သူ့ယောကျာ်းလေးက လူရှေ့လည်းမရှောင် သူ့ကိုအရမ်းအချစ်စမ်းတာ။

"မွ..မွ..လက်ကိုနမ်းခိုင်းပြီး ဘာလို့လက်သီးဆုပ်ထားတာလဲ ကျန့်ကျန့်ရဲ့.."

"ဒါလုပ်ဖို့လေ.."

"ခွပ်..!!"

"အာ့..!"

ပါးရိုးကိုထိုးလိုက်ပေမဲ့ ခေါင်းအရိုက်ခံလိုက်ရသလို မူးနောက်သွားခြင်းနဲ့ တစ်ပြိုင်နက် ခေါင်းထဲမှာ why? ဆိုတဲ့စကားလုံးတွေပေါ်လာသည်။

"အဲ့အကြည့်နဲ့ လာကြည့်မနေနဲ့..ဘယ်လောက်တောင် အနေအထိုင်မတတ်လို့ ကျွန်တော့်ရဲ့ကော်ဖီဆိုင်အထိ ခင်ဗျားရဲ့နောက်အကောင်က လာရန်တွေ့ရတာလဲ.."

ဘယ်ကနောက်အကောင်လဲ။သူဘယ်မှာ နောက်အကောင်ထားလို့လဲ။

"ကျန့်ကျန့် ဘယ်ကနောက်အကောင်လဲ..ကိုယ်မထားဘူးနော်.."

"ခင်ဗျားမထားတာကို ယုံတယ်..အခုဟာက ကျွန်တော်ကို ခင်ဗျားနဲ့သူနဲ့က ကြိုက်နေတာပါတဲ့ ကျွန်တော့်ကိုနောက်ဆုတ်ပေးပါတဲ့လေ..အဲ့ကောင်က ရူးနေတာလား ဟာသပဲ.."

"ခဏနေပါဦး ဘယ်အကောင်လဲ ကိုယ့်ကိုပြောပြဦး.."

"ရန်ကျွမ်းဆိုလား ရန်ကျွင်းဆိုလား.. "

"မင်ရန်ကျွင်းလား.."

"ဟုတ်လားမသိဘူး..ဆံပင်ခရမ်းရောင်အအုပ်နဲ့.."

"ဘယ်လိုလာပြောတာလဲ..သေချာရှင်းပြ.."

လေးနက်သွားတဲ့ ဝမ်ရိပေါ်ပုံစံကြောင့် ရှောင်ကျန့်လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။

မနက်ပိုင်း ကော်ဖီဆိုင်မှာ ကော်ဖီဖျော်နေတုန်း စကားပြောချင်လို့ပါဆိုပြီး ကောင်လေးတစ်ယောက် လာရှာတယ်။

ပြောလာတဲ့အကြောင်းအရင်းက

"ဝမ်ရိပေါ်က ကျွန်တော်နဲ့တွဲနေတာပါ.. ဒါပေမဲ့ ခင်ဗျားက ကျွန်တော်တို့ပက်သက်မှုကိုမသိတဲ့ပုံမို့လို့ လာပြောပြတာ..အခုသိပြီဆိုတော့ ခင်ဗျားကပဲ နောက်ဆုတ်ပေးပါ.."

My Dear Dolphin(completed)Where stories live. Discover now