Extra 2

2.1K 220 16
                                    

Unicode

"ဝင်လာရဲ ဝင်လာကြည့်.. ခင်ဗျားအသေပဲ.!"

အိပ်ခန်းထဲမှ သူမဝင်ခင်ပိတ်အော်လိုက်တဲ့အသံကြောင့် ခြေလှမ်းများရပ်တန့်သွားသည်။သူ့အပြစ်ကအဲ့လောက်ကြီးသွားလို့လဲ။

ဒီလိုဆိုမှ ကျန့်ကျန့် မင်းလည်းမှားတာပဲလေ။သူ့ဘာသာအိမ်ထောင်ရှိရှိ မရှိရှိ ပူးပူးကပ်ကပ်နေစရာလား။ပူးကပ်မနေခဲ့ရင် သူလည်းအခုလိုထိုးမိတဲ့အထိ ဖြစ်လာမှာမဟုတ်ဘူးမလား။

"ခင်ဗျား..ထွက်သွားပြီလား.."

တံခါးအပြင်ဘက်မှ ဘာစကားမှမထွက်လာတာကြောင့် ရှောင်ကျန့်ဟာ ဇဝေဇဝါဖြစ်သွားခဲ့သည်။အဲ့တော့ ဝင်မလာတဲ့အပြင် အပြင်မှာပါရှိမနေတာလား။

"ဝမ်ရိ အွတ်..အွန်း..ဝမ် အင့်.."

အပြင်မှာ လူရှိမရှိ တံခါးကိုဖွင့်ကြည့်ရာမှ ဝမ်ရိပေါ်က တိုးဝင်လာပြီး သူ့ကိုမရပ်မနားနမ်းခြင်းပေ။

အသက်ရှုခွင့်လေးတောင်မပေးနိုင်ရအောင် ဘာတွေအလောကြီးနေရတာလဲ။

"ခင်ဗျား.. ဘယ်လိုဖြစ်နေတာလဲ.. အခန်းထဲမဝင်လာနဲ့လို့ ပြောထားတယ်လေ.."

"ကျန့်ကျန့်... မင်းအရမ်းဆိုးနေတယ်.."

"ဘာ..!!"

အရမ်းဆိုးတဲ့ကလေးက အပြစ်ပေးခံရတာ ထုံးစံပဲမို့ ဝမ်ရိပေါ်က ရှောင်ကျန့်ကို အပြစ်ပေးချင်လှသည်။

ပုခုံးပေါ်တင်လို့ ကုတင်ပေါ်ပစ်ချလိုက်တဲ့အထိ ရှောင်ကျန့်က ရန်စကားဆိုလို့မပြီးသေး။အခုအချိန်မှာ တစ်ထစ်လျော့လို့ ဝမ်ရိပေါ်ကို ပြန်ချော့လိုက်ပါက ဝမ်ရိပေါ်က ရပ်တန့်သွားကောင်း သွားနိုင်မည်။

"ဝမ်ရိပေါ် ကျွန်တော် စိတ်ဆိုးနေတယ်လေ.!"

"ကိုယ်လည်း စိတ်ဆိုးနေတယ်..!"

ပြောပြီးတာနဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့လက်များကို လည်ပင်မှနက်ခ်တိုင်ကိုဖြုတ်ကာ ကုတင်တိုင်နှင့် စုချည်၏။

"ဘာလုပ်တာလဲ..!"

ပြန်မပြောဘဲ ဝမ်ရိပေါ်က ကုတင်ပေါ်မှထသွားကာ အဝတ်ဗီရိုထဲမှ အဝတ်စတစ်ခုကို ယူလာသည်။ပြီးတော့ ရှောင်ကျန့်အတွက်မထင်ထားတဲ့ မျက်လုံးကိုချည်နှောင်ခြင်းအမှုကို ပြုလုပ်၏။

My Dear Dolphin(completed)Where stories live. Discover now