Unicode
"ကျန့်ကျန့်ရေ ထတော့.."
"ဟမ်..အင်းးး..~~~"
ပင်ပန်းလွန်း၍ အိပ်ပျော်သွားမှုနောက်မှာ နှိုးလာချိန်က ဘယ်အချိန်တွေရောက်သွားမှန်းရှောင်ကျန့်မသိတော့ပေ။
"ဘုရားကျောင်းသွားရမယ်မလား..ဘယ်အချိန်တွေရှိပြီလဲ..ဟမ်!!!!"
နှိုးနှိုးချင်းရှောင်ကျန့်တော်တော်ထိတ်လန့်သွားရသည်။သူရောက်နေတာ အလှဆင်ထားသော မြင်းလှည်းအသေးလေးပေါ်မှာ၊ ဝတ်ထားတာက မဂ်လာဝတ်စုံအပြည့်အစုံ၊မျက်နှာကလည်း ပြင်ဆင်ပြီးသား၊သွားလည်းတိုက်ပြီးသား။ဘေးနားက သူ့လက်ကိုင်ထားသော ဝမ်ရိပေါ်ကလည်း ထပ်တူပဲ။
နှိုးနှိုးချင်းအရမ်းလန့်သွားစေမိတာကြောင့် suprise လုပ်ထားမိတာတောင် နောင်တရချင်သွားသည်။
"အရမ်းပင်ပန်းပြီး အိပ်နေတော့လေ..မနှိုးချင်တာနဲ့.."
ဝမ်ရိပေါ်က မျက်နှာငယ်လေးနဲ့ ဆိုတော့ ရှောင်ကျန့်ကပြာပြာသလဲ လက်ခါသည်။
"မဟုတ်ပါဘူး.. လေယာဥ်ပေါ်မှာနှိုးလာမယ်ထင်ထားတာ အခုလိုကြီးဖြစ်နေတော့ အံ့သြမိသွားတာပါ.. "
"လေယာဥ်ပေါ်ကနေ ကိုယ်ချီလာခဲ့တာ.."
တစ်ကယ်ပါ ဝမ်ရိပေါ်ဆိုတဲ့လူက supriseလုပ်တဲ့နေရာမှာတော့ သိပ်တော်တာပဲ။လှည်းမှလိုက်ကာလေးကို ဖွင့်ကြည့်တော့ ရင်းနှီးနေတဲ့လူတွေကို တွေ့ရသည်။သူပြင်ဆင်နေတုန်း အကုန်ရောက်လာကြပုံပဲ။
ဘုရားကျောင်းအရှေ့ရောက်တဲ့အချိန်မှာတော့ ဝမ်ရိပေါ်က လှည်းအလုံးလေးရဲ့ တံခါးကိုဖွင့်ကာ အရင်ဆင်းပြီး အဖြူရောင်ဝတ်စုံနဲ့ရှောင်ကျန့်ကို လက်ကမ်းသည်။ရှောင်ကျန့်ဆင်းသည့်အချိန်မှာတော့ ဓာတ်ပုံရိုက်သူနဲ့ လက်ခုပ်တီးသူနှင့် ပန်းကြဲသူများနှင့် ထင်တာထက် ပိုလူများသားပဲဟု ရှောင်ကျန့်သတ်မှတ်မိသည်။မြင်းအဖြူရောင်လေးနှင့် romatic ဆန်ဆန် ပန်းခတ်များနှင့်ပြုလုပ်ထားသော လှည်းလေးကလည်း ရှောင်ကျန့်အကြိုက်ကို ရွေးထားခြင်းပေ။
ဝမ်ရိပေါ်က ထိုကဲ့သို့ပုံမျိုးကိုမကြိုက်ဘူး လူငယ်ဆန်လွန်းပြီး မိန်းမဆန်တယ်ဟုပြောဖူးသည်။ဒါပေမဲ့ ရှောင်ကျန့်ကကျတော့ romatic ဆန်တယ်လို့သာမြင်တယ်ဟုပြောခဲ့ပေမဲ့ အခုလိုတော့ မလုပ်လောက်ပါဘူးဟု ထင်ခဲ့တာ။
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...