Ep(20)

2.1K 248 7
                                    

Unicode

စိတ်ကြီးတဲ့ကောင်လေးသည် သူဖက်ထားရာမှရုန်းကန်၍ သူ့ပါးအားထိုးသည်။

"ခင်ဗျား.. ဘာလုပ်တာလဲဗျ.."

"ခွပ်.."

"အာ့.."

လက်သီးအားကလုံးဝမပြင်းပါ။သို့သော်လည်း တစ်စိမ်းဆန်တဲ့အသုံးအနှုန်းကြောင့်တော့ ဝမ်ရိပေါ်သူ့ပါးသူပြန်ကိုင်မိလိုက်ရသည်။

"ဟဲ့..ဘာဖြစ်နေကြတာလဲ.."

အိမ်အနောက်မှ ရုန်းရင်းဆန်ခတ်အသံများကြောင့် အိမ်ရှေ့မှခရစ်စတီးနားနှင့် ကျန်းချန်က ကလေးများချီလျက်ပဲ ရောက်လာကြသည်။ဝမ်ရိပေါ်ကတော့ မနာတဲ့သူ့ပါးကိုကိုင်ကာ ရှောင်ကျန့်ကိုကြည့်နေတုန်းပင်။အမှန်ပြောရရင် ရှောင်ကျန့်ကသူ့ကိုမှတ်မိလိမ့်မည်လို့ ထင်မှတ်ထားခဲ့တာ။ဖြစ်နိုင်ခြေနှစ်ချက်သာရှိသည်။ပထမတစ်ချက်က အရှေ့က လူသားလေးက ရှောင်ကျန့်မဟုတ်ဘူး၊ဒုတိယတစ်ချက်က ရှောင်ကျန့်က သူ့ကိုမမှတ်မိဘူး။သို့သော်အရှေ့မှကောင်လေးသည် ရှောင်ကျန့်မှရှောင်ကျန့်အစစ်ပင်။

"ဟေ့လူ..မ..မငိုနဲ့လေဗျာ...ကျွန်တော် ဖြည်းဖြည်းလေးထိုးတာပါဗျ.."

"ဟျောင့်...ဝမ်ရိပေါ်..ဘာလို့ငိုနေတာလဲ..ရှောင်ကျန့် မင်းအကြီးကို အကြီးမှန်းမသိဖူးလား ဘာလို့ထိုးလိုက်တာလဲ.."

"ဟာ့...အကိုရဲ့ သူငယ်ချင်းက ကျွန်တော်ကို မပြောမဆိုနဲ့လာဖက်တာကို လန့်ပြီးထိုးမိတာပေါ့ဗျ.."

ကျန်းချန်လည်း ဘာပြောရမှန်းမသိတော့ဘူး။​ဝမ်ရိပေါ်ကလည်း ဘာလို့သွားဖက်သလဲမသိပေ။သူ့ညီလေးရှောင်ကျန့်က လူစိမ်းဆိုအရမ်းကြောက်တတ်သည်။

"အေး..အေး..ထားတော့...ငါ့သူငယ်ချင်းကို ​​ဆေးလိမ်းပေးလိုက်အုန်း..မင်းဖြည်းဖြည်းကငါသိ​နေတယ်..."

"ပြီးရော.."

ကျန်းချန်က အကြောင်းသိနေတဲ့ သူ့ညီကို လက်ညိုးထိုးလိုက်သည်။

"သေချာလုပ်ပေးလိုက်နော်..မဟုတ်ရင် အမေ့ကိုမုန့်ဖိုးဖြတ်ခိုင်းလိုက်မှာ.."

"သိပါတယ်ဆို.."

အခုအချိန်အထိ ဝမ်ရိပေါ်ရဲ့မျက်လုံးများက ရှောင်ကျန့်စီမှမလွှဲနိုင်သေး။သူ့အကိုကို ကလန်ကဆန်နဲ့ပြန်ပြောနေတဲ့ရှောင်ကျန့်က သိပ်ချစ်ဖို့ကောင်းလွန်းသည်။သူ့ကိုမမှတ်မိတာတစ်ခုပဲ။

My Dear Dolphin(completed)Where stories live. Discover now