Ep(13)

1.9K 231 5
                                    

Unicode

ရုံးခန်းတစ်ခုအတွင်းမှာ ယောကျာ်းလေးဖြစ်သူက ပျော်ရွှင်နေတဲ့ပုံရိပ်နဲ့စကားအရင်စလိုက်သည်။သေချာသလောက်ကတော့ အမျိုးသမီးငယ်လေးက စိတ်လှုပ်ရှားနေပုံပဲ။သူ့ကိုဘာတွေကစိတ်လှုပ်ရှားစေတာလဲ။ရုံးခန်းထဲကနံရံပေါ်မှာကပ်ထားတဲ့နာရီရဲ့တစ်ချောက်ချောက်မြည်သံလား၊တိတ်ဆိတ်နေတဲ့အခန်းနဲ့ အဲကွန်းကြောင့်အေးမြနေတဲ့အခန်းထဲကလေထုလား၊ဒါမှမဟုတ် ဂျက်ဖရေးပျော်ရွှင်နေတဲ့ပုံလား။

"ငါကောင်လေးကိုတွေ့ပြီနန်စီ.."

"နင်ငါ့ကိုအရေးတကြီးခေါ်တာအဲ့ဒါကြောင့်လား.."

တစ်ဖက်ကပြောင်းလဲသွားတဲ့အမူအရာမတွေ့တော့ ဂျက်ဖရေးမျက်မှောင်ကြုတ်လိုက်မိတယ်။

"နင်ဘာမှမခံစားရဘူးလား.."

"ငါဘာကိုခံစားရမှာလဲ.."

"တစ်ခုခုပေါ့...အံသြတာဖြစ်ဖြစ် ပျော်တာဖြစ်ဖြစ်.."

နန်စီစကတ်ပေါ်တင်ထားတဲ့လက်တွေက အချင်းချင်းလိမ်ယှက်လို့နေသည်။အမှန်အတိုင်းပြောရရင် သူဒီလိုဖြစ်မှာကိုမလိုလားဘူး။ဘယ်လိုမှရုပ်မပျက်အောင်စိတ်တင်းထားပေမဲ့လည်း သူ့ရင်ထဲမှာစိုးရိမ်စိတ်လှိုင်းခတ်နေပြီ။ဂျက်ဖရေးဆိုတဲ့သူ့အကိုက "ရှာတွေ့ပြီ" ဆိုတဲ့စကားလုံးလေးတွေနဲ့ရပ်တန့်သွားမဲ့လူမှမဟုတ်တာ။

"ငါခံစားရတာပေါ့..ဟားဟား...ငါခံစားရတာကြောက်ရွံ့မှုပဲ ဂျက်ဖရေး...နင်သူ့ကိုရှာတွေ့မှာကိုအရမ်းကြောက်နေခဲ့မိတာ..တကယ်တမ်းရှာတွေ့သွားတော့ပိုကြောက်မိနေတယ်.."

"နန်စီ..နင်.."

"ငါ...ငါ.ပြန်တော့မယ်.."

တံခါးပေါက်ကိုလျှောက်သွားတဲ့ နန်စီရဲ့ဒေါက်ဖိနပ်သံအကြား ဂျက်ဖရေးရဲ့ခပ်အေးအေးစကားသံထွက်လို့လာသည်။

"နင်ပေါ့...ငါဒီလောက်ရှာနေတာကိုရှာမတွေ့နိုင်ဖြစ်နေတာ...နောက်ကွယ်ကလူကနင့်ပေါ့နန်စီ ဟုတ်လား.."

အခုအချိန်မှာ ဂျက်ဖရေးမျက်နှာကိုနန်စီရင်မဆိုင်နိုင်ပါ။မောင်နှမအရင်းအချာဖြစ်တဲ့အပြင် အမွှာတွေဖြစ်ကြတဲ့သူတို့နှစ်ယောက်က သွေးရင်းမို့လို့ သူ့အကိုမှားနေရင်တောင်သူ့အကိုဘက်မှာရှိပေးနေသင့်တာ။သူ့အကိုဘယ်လောက်ထိ အဲ့ကောင်လေးနဲ့ပတ်သက်ရင်အရူးအမူးနိုင်လဲသူသိရက်နဲ့ နန်စီပုံစံက သစ္စာဖောက်လိုက်မိတဲ့လူတစ်ယောက်အလား။

My Dear Dolphin(completed)Where stories live. Discover now