Ep(22)

2K 242 6
                                    

Unicode

"ရိပေါ်ရေ..ရိပေါ်..ထတော့ ဒီနေ့ ကျဲကျဲတို့အိမ်သွားကြမှာမလား...ထတော့..အကိုတို့ကျွန်တော်တို့အိပ်နေတာမြင်သွားလိမ့်မယ်.."

ညကအိပ်ကောင်းကောင်းနှင့်အိပ်သွားခဲ့တာ မနက်ခင်း၇နာရီလောက်မှာ ရှောင်ကျန့်က ဝမ်ရိပေါ်ကိုနှိုးသည်။

"ဘာဖြစ်လဲ ကျန့်ကျန့်ရာ.. မြင်ရင်လည်း မြင်ပစေပေါ့...နောက်လည်းသိမှာပဲကို..လာထပ်အိပ်အုန်း စောသေးတယ်.."

"ထတော့ဗျာ...မအိပ်တော့ဘူး...."

"ဟင်း...မထသေးဘူးကွာ.."

"ခင်ဗျား မထရင် ကျွန်တော်ထမယ် ဘေးဖယ်...ဒီမှာ အိပ်နေခဲ့.."

"ထပြီ ထပြီ...ညကအိပ်တာနောက်ကျလို့ပါကွာ.."

"ခင်ဗျားကို ညနက်တဲ့အထိ ဘယ်သူက လိုက်နမ်းခိုင်းနေလို့လဲ...မပြီးနိုင်မစီးနိုင် သူပဲနမ်းနေပြီတော့ "

မနေ့ညက အသက်မပြည့်သေး၍ ဘာမှတော့မလုပ်ပေမဲ့ ရှောင်ကျန့်ကို မနမ်းရတာမှမဟုတ်တာ။ဝမ်ရိပေါ်က အခွင့်အရေးကိုလက်လွတ်ခံမည့်သူမဟုတ်ဘူးလေ။မနေ့ညက ရှောင်ကျန့်ရဲ့နှုတ်ခမ်းကို ထူပူပြီးယောင်ယမ်းတဲ့အထိတော့ နမ်းခဲ့သည်။

"ရှောင်ပိုင် နင် ငုတ်တုတ်ကြီးဘာထိုင်လုပ်နေတာလဲ..."

"နင်တို့တွေ ကောင်းကောင်းအိပ်ပျော်ကြရဲ့လား."

မထီးလေးစားပုံစံနဲ့ ရှောင်ပိုင်ပြောလိုက်သည်။ညကသူ့ကိုဘာအချိုးချိုးသွားတာလဲပေါ့။သူ့မှာဒီလောက်ကြီးကူညီပေးထားရတာတောင်အခန်းမပြဘဲ ဘာများအဲ့လောက်အရေးကြီးနေရတာလဲ။

"ဟာ...ဆော်ရီးပါဟာ..ငါညကလောနေတော့ အိပ်ခန်းမပြလိုက်မိဘူး...နင်ကလည်း တစ်ခန်းခန်းမှာဝင်အိပ်လိုက်တာမဟုတ်ဘူး.."

"ဝင်အိပ်ချင်ပါတယ်...ဘယ်အခန်းမှ မအားတာကို."

"ငါ့ကို ဝင်ပြောလိုက်တာမဟုတ်ဘူး...ထပ်ခိုးမှာ ဧည့်သည်ခန်းတစ်ခန်းရှိသေးတယ်ဟ.."

ရှောင်ပိုင်က ဝင်စရာလားဟူ၍ မျက်လုံးလှန်ပြသည်။

"တော်ပါပြီ..နင်တို့အခန်းထဲဝင်စရာလား..ငါမမြင်သင့်တာတွေမြင်ကုန်မှဖြင့်.."

My Dear Dolphin(completed)Where stories live. Discover now