Ep(26)

1.8K 237 7
                                    

Unicode

အခန်းအတွင်းမှ မိဘတွေထွက်သွားပြီးတာတောင် ဝမ်ရိပေါ်တို့အတွက်မငြိမ်းအေးနိုင်သေး။အုပ်ထိန်းသူဆိုတိုင်း ကျန်းချန်က ဝမ်ရိပေါ်အားသူ့ညီနဲ့သဘောမတူဘူးချည်းသာပြောနေ၏။

"ငါမင်းနဲ့ငါ့ညီကို သဘောမတူနိုင်ဘူး.."

"မင်းသဘောမတူလည်းဂရုမစိုက်ဘူး ကျန့်ကျန့်ကအခုငါ့ယောကျာ်း.."

"ရှောင်ကျန့်က ငါ့ညီကွ.."

"မင်းကအခုဆိုင်ပဲဆိုင်တာ မပိုင်တော့ဘူး လစ်လိုက်တော့."

"မင်းတို့နှစ်ယောက်ဘာမှမဖြစ်ကြသေးဘူးမလား ရှောင်ကျန့်အဲ့ကောင်ကိုလမ်းခွဲလိုက်ငါမင်းကို သူ့ထက်ချောတာရှာပေးမယ်.."

ဝမ်ရိ​ပေါ်သည် ကိုယ့်ကိုယ်ကိုဂုဏ်ယူတဲ့အပြုံးကြီးကြီးပြုံးလိုက်သည်။မျက်နှာတစ်ဝက်လောက်က ပြုံးလိုက်တဲ့နှုတ်ခမ်းပြဲပြဲကြီးနဲ့ပြည့်သွားသလိုပဲ။သူ့ဘဝတွင် လုပ်ဆောင်ခဲ့တဲ့အလုပ်များစွာထဲမှ ယခုလိုတစ်ခုမှ ဂုဏ်ယူမဆုံးမဖြစ်ဖူးဘူး။

"အို ယောက်ဖ​ကြီးကကိုယ့်သူငယ်ချင်းကိုအထင်ကြီးပြန်ပြီ...ငါအဲ့လောက်သမာဓိမခိုင်ပါဘူးကွာ..ဟဲဟဲ.."

"မင်း မင်း... အာ့.. "

ထိုးတတ်လာတဲ့သွေးတွေကြောင့်ကျန်းချန်လည်ဂုတ်ကိုမနည်းဖိထားလိုက်သည်။ခရစ်စတီးနားကတော့အမေမထွက်ခင်လှမ်းယူထားတဲ့ရှုဆေးဘူးလေး နှာခေါင်းတေ့ပေးလိုက်သည်။သူမစဥ်းစားလိုက်တာက ခဏနေရင် အမေနဲ့ကျန်းချန်အတွက် သွေးကျဆေးသွားဝယ်ဖို့ကိုပဲ။

"နေပါအုန်း... မင်းကငါနဲ့သဘောမတူနိုင်ဖြစ်နေရအောင် ငါကနူနေလို့လား အိုနေလို့လား.."

"အေး..ဟုတ်တယ် အိုနေလို့...မင်းလိုအိုကြီးအိုမနဲ့ငါ့ညီနဲ့တန်လား.."

"တန်တာပေါ့ တန်လို့ပဲညားနေပြီကို.."

"မင်းတို့...အာ့..သွားကြတော့ ငါ့အရှေ့ကထွက်သွားကြ သွား.."

ဝမ်ရိပေါ်က ဒူးထောက်ထိုင်နေရာမှ ဘေးကရှောင်ကျန့်ကိုပါတွဲကာထလိုက်သည်။သူလည်း ထိုစကားကို သိပ်ကြားချင်နေတာ။ရှောင်ကျန့်မျက်နှာကြောင့် ဒီလောက်ထိအောက်ကျခံနေရတာ။ငယ်သူငယ်ချင်းဖြစ်တဲ့ကျန်းချန်စီမှာ နည်းနည်းလေးတောင် သေးသေးတင်ခံချင်တာမဟုတ်။

My Dear Dolphin(completed)Where stories live. Discover now