Unicode
ဝမ်ရိပေါ် ငါးကင်စားနေတဲ့သူ့ရဲ့ယောကျာ်းဖြစ်သူကိုကြည့်ရင်း ကော်ဖီတစ်ငုံသောက်လိုက်ကာ သူမေးချင်တာကြာပြီဖြစ်တဲ့မေးခွန်းကိုမေးဖို့အစဖော်သည်။
"ကျန့်ကျန့်တစ်ခါပြောဖူးတယ် မှတ်မိလား ကျန့်ကျန့်ကိုဖမ်းထားတယ်ဆိုတာလေ.."
"အင်း မှတ်မိတယ်လေ..ဘာလို့လဲ... "
ငါးကင်စားနေရင်းမျက်လုံးလှန်ကြည့်လိုက်တော့ ဝမ်ရိပေါ်က နှုတ်ခမ်းနားမှာပေနေတာကိုသုတ်ပေးရင်းခေါင်းခါပြတယ်။
ထူးထူးဆန်းဆန်းတွေမေးလို့ပါလား..။
"ဘာမှမဟုတ်ပါဘူး ပြောခဲ့ဖူးတာသတိရသွားလို့..."
"အဲ့လူကအရမ်းဆိုးတာ...သူ့စီသာထပ်မိသွားလို့ကတော့ ပြန်လွတ်ဖို့မသေချာတော့ဘူး..."
အခုတစ်လော လူပျောက်ရှာတဲ့အေဂျင်စီကလူတွေကို ကျွန်းအနားမှာမကြာခနတွေ့နေရတယ်။ တစ်ခါတစ်လေ ဒီစိတ်နဲ့အိပ်လို့လည်းမပျော်ဘူး။ အခုသူနဲ့ကျန့်ကျန့်နဲ့က ဒေးဗစ်အကူအညီနဲ့ လက်ထပ်ပြီးသွားခဲ့ပြီလေ။
ဝမ်ရိပေါ်တွေးနေရင်း လက်သူကြွယ်က လက်ထပ်လက်စွပ်လေးကိုအကြောင်းမဲ့ပွတ်နေမိလိုက်တော့ ရှောင်ကျန့်ကငါးကင်စားနေရင်းလှမ်းမေးတယ်။
"ရိပေါ် ဘာတွေတွေးနေတာလဲ..."
"ဘာမှမဟုတ်ပါဘူး...ဒီအတိုင်းပဲ..."
"ပြန်ပို့ဖို့ကိစ္စကိုလေ.."
"ကျန့်ကျန့်!!!!!... "
မူယာမာယာများတဲ့ဝမ်ရိပေါ်သည် ချက်ချင်းပဲ ခေါင်းကိုဖိကာရှောင်ကျန့်ရဲ့နာမ်မည်အော်လိုက်တော့ ရှောင်ကျန့်လည်းငါးကိုချလို့ပြူးပြူးပြာပြာဖြစ်သွားတယ်။
"ရိပေါ်.. ခေါင်းကဘာဖြစ်လို့လဲ..."
"ခေါင်းထဲနည်းနည်းကိုက်လာလို့.."
"ပြောပါတယ် အရမ်းအလုပ်တွေမလုပ်ပါနဲ့လို့ လာ လာ အခန်းထဲသွားနားလိုက်.."
"ကျန့်ကျန့်ကရော.."
"ကျွန်တော်ကဘာလုပ်ရမာလဲ..."
"အနားမာနေလေ ကိုယ့်ယောကျာ်းတစ်ယောက်လုံးနေမကောင်းနေတာ ဘေးမှာနေပြီး နှစ်သိမ့်ပေးရမာပေါ့... "
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...