Ep(11)

2K 252 7
                                    

Unicode

ဝမ်ရိ​​​ပေါ်အရှေ့ကတကျွတ်ကျွတ်နဲ့ကြက်ကြော်ဝါးနေတဲ့ခင်ပွန်းဖြစ်သူလေးကိုကြည့်လိုက်သည် စားနေတာများချီစ့်စတစ်ကြော်ကိုလည်းအမျှင်တန်းမပြတ်စားနေလိုက်တာ။

"ဖြည်းဖြည်းစားပါ...ကိုယ်လုမစားပါဘူး.."

"ဒါလေးစားလို့ကောင်းတယ် စားကြည့်..အာ..."

သူ့ကိုခွံကျွေးလာတော့လည်းစားရတာပေါ့။ကြက်ကြော်စားရင်းပြုံးနေတဲ့ရှောင်ကျန့် သည် အခုရက်ပိုင်းတကယ်ကိုအစားသရဲလေးဖြစ်လို့လာသည်။

စားနေရင်းတစ်စုံတစ်ယောက်ကစိုက်ကြည့်နေတာကြောင့် ရှောင်ကျန့်ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သည်။

အင်း...ငါပဲစိတ်ထင်နေတာများလား..။

အောက်ထပ်မှာထိုင်စားနေတာကြောင့် မှန်အကြည်များကနေတစ်ဆင့်အပြင်ကိုကြည့်ပြန်တော့လည်း ကားအမည်းတစ်စီးကလွဲပြီး တစ်ခြားအရာဘာမှမရှိ။
ညဘက်အချိန်မတော်ကြီးထစားချင်လာတာကြောင့် ဝမ်ရိ​ပေါ်ကိုပူဆာကာထွက်စားခြင်းဖြစ်တဲ့အလျှောက် လမ်းမှာလည်းလူခြေတိတ်နေသည်။

မသက်ာစရာကားကိုကြည့်ပြန်တော့လည်း တိုက်တစ်တိုက်ရဲ့အောက်မှာရပ်ထားတဲ့ကားမှာ လူရှိနိုင်ခြေမရှိ​ပေ။ကားမှန်အမဲများဖြစ်နေတာကြောင့် သူအထဲကိုသေချာမမြင်နိုင်ပါ။

ငေးကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ ကားအမဲတစ်စီးကိုသာ ဝမ်ရိပေါ်​တွေ့သည်။ဒီကားကိုသူသိတယ်။အိမ်မှစထွက်လာကတည်က သူတို့နောက်ပါလာတာ။ညဘက်ကြီးအနီးအနားကဆိုင်တွေပိတ်ကုန်တာကြောင့် ကားနဲ့ဆိုင်ကိုပတ်ရှာထားရတာ။အဲ့တစ်လျှောက်လုံးဒီကားက အနောက်ကလိုက်နေခဲ့တာ။

"ကျန့်ကျန့် စားလေ.."

"ဟမ်..အင်း..."

စားနေရင်းစိတ်ထဲသိပ်မကောင်းလာတာကြောင့်ဝမ်ရိပေါ်ကို ပြောပြဖို့ဆုံးဖြတ်ချက်ချလိုက်သည်။

"ရိ​ပေါ် အဲ့ကားပေါ်မှာလူရှိနေလားမသိဖူး..အထဲကနေတစ်ယောက်ယောက်စိုက်ကြည့်နေသလိုပဲ..."

​​ရှောင်ကျန့်ခံစားရသလိုဝမ်ရိ​ပေါ်မခံစားရမဲ့လည်း အဲ့ကားထဲမှာသေချာပေါက်လူရှိနေမည်ကိုသူသိတယ်။ဘာလို့ဆိုသူတို့ ဒီဆိုင်စထိုင်ကတည်းက ကားထဲကလူကအပြင်ကိုထွက်မလာသေးဘူး။ရှောင်ကျန့်လန့်သွားမှာဆိုးလို့ နောက်ကလိုက်လာတဲ့အကြောင်းမပြောဖြစ်လိုက်ပေမဲ့ သူလည်းစိုးရိမ်လာတယ်။သူတို့အနောက်ကိုအကြောင်းမဲ့လိုက်တာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလေ။သူ့မှာကလည်းတိုက်ခိုက်ချင်သူကခပ်များများရယ် တစ်ယောက်ထဲဆို တံခါးသွားခေါက်ပြီး ဒဲ့ရှင်းမိမှာ​ပေမဲ့ အခုကြတော့ ရှောင်ကျန့် ပါလာတော့ ထိခိုက်ရင်ကိုယ်တစ်ယောက်ထဲထိခိုက်မှာမဟုတ်တော့ အိမ်ပြန်ဖို့ပဲဆုံးဖြတ်လိုက်တယ်။

My Dear Dolphin(completed)Where stories live. Discover now