Unicode
ဒီနေ့က ရှောင်ကျန့်နဲ့ဝမ်ရိပေါ် shopping ထွက်တဲ့နေ့ပဲ။ဝမ်ရိပေါ်ကတော့ ပိုက်ဆံအိတ်ကြီးကိုင်လို့ ရှောင်ကျန့်အတွက် sugar daddy ကြီးပေါ့။
"ရိပေါ်...ဒါလေး ဘယ်လိုလဲ.."
"နည်းနည်းတိုမနေဘူးလား.."
"ပေါင်တစ်ဝက်ကတိုလို့လား.."
"တိုတာပေါ့... ပြီးရင်ကျပ်ကလည်းကျပ်သေး...တခြားပွပွနဲ့ ဒူးဖုံးလေးရွေးပါ... အခုကိုယ်ဝတ်ထားသလိုမျိုး.."
ရှောင်ကျန့်တစ်ကယ်တင်းနေပြီ ဒီလူကြီးကို..အကျီဆိုလည်း လက်နဲ့မှ လက်ပြတ်ဆို အသားတွေမြင်ကုန်မှာစိုးလို့တဲ့..အိမ်ထဲမှာနေမှာကို ဘယ်လူကလာကြည့်မှာလဲ..ဘောင်းဘီဝယ်တော့လည်းလုပ်လာပြန်ပြီ..။
"အဲ့တာဆိုလည်းဝယ်မနေတော့ဘူး ရိပေါ်ရဲ့အဝတ်တွေပဲယူဝတ်လိုက်တော့မယ်.."
"ဒါလည်း ကောင်းတာပဲ အဝတ်တွေမျှသုံးခြင်းက လင်မယားဆက်ဆံရေးကိုတိုးတတ်စေတယ်တဲ့ ပွပွယယဝတ်ရတာပေါ့.."
"ဘာ...ရိပေါ်...!!!"
ရှောင်ကျန့်ကစိတ်ဆိုးဆိုးနဲ့အော်လိုက်တော့ ဝမ်ရိပေါ်လည်းအတည်ကြီးလန့်သွားပုံပဲ။
"What what... ဘာလဲ ဘာလို့လဲ.."
"တော်ပြီ...ကိုယ့်ဘာသာပဲ သွားရွေးတော့မယ်.."
ဘာဖြစ်သွားရပြန်တာလဲ..တော်ပြီ ထားလိုက်တော့..။
အချိန်အပိုမကုန်အောင် တစ်ဖက်ခြမ်းမှာရှိတဲ့အစားအသောက်တွေရှိတဲ့ ဘက်သွားလိုက်တယ်။အရှေ့လေးတင်ဆိုတော့ လှမ်းကြည့်လိုက်တာနဲ့ မြင်ရမှာမို့လို့ သွားဖို့ဆုံးဖြတ်လိုက်ခြင်းပေ။
"ကျန့်ကျန့် ကိုယ်အရှေ့ဘက်သွားလိုက်အုန်းမယ် ပြီးရင်လိုက်လာခဲ့နော်..."
ရှောင်ကျန့်သည် ဘာမှဆက်မပြောဘဲ ဆက်လက်အဝတ်အစားသာရွေးနေလိုက်တယ်။ဝမ်ရိပေါ်လည်းဘာမှဆက်မပြောတော့ သူ့ကိုစိတ်ကောက်နေသေးတယ်ထင်ပ။
မချော့သေးဘူး... ကောက်ပလေ့စေအုန်း...အိမ်ရောက်မှ အခန်းထဲမှာအပီအပြင်ထိုင်ချော့တော့မယ်..။
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...