Ep(12)

1.9K 243 5
                                    

Unicode

ဂျက်ဖရေးဖုန်းထဲဝင်လာတဲ့ အချက်အလက်တွေကိုကြည့်လိုက်တယ်။ဓာတ်ပုံနဲ့အတူပါလာတဲ့အချက်အလက်တွေက လူနှစ်ယောက်စာ။

"အင်း..ကြည့်ရသေးတာပေါ့.."

ဝမ်ရိ​ပေါ်ဆိုတဲ့လူကမိမိလို ဟိုတယ်လုပ်ငန်းတွေပိုင်တယ်။တူသုံးယောက်ရှိပြီး မိဘတွေကဆုံးပါးသွားပြီ။ညီအကိုမောင်နှမလည်းမရှိလို့ အချက်အလက်ကသိပ်မများပေ။

ဒါပေမဲ့ ခင်ပွန်းဆိုတဲ့နေရာမှာပါလာတဲ့ကောင်လေးရဲ့နာမ်မည်ကြောင့်သူ့မျက်နှာတွန့်သွားတယ်။ကောင်လေးနာမ်မည်ကရှောင်ကျန့်တဲ့။အသိုင်းဝိုင်းကောင်းထဲကမဟုတ်ပဲ ဆွေမျိုးလည်းမရှိ။ မိဘမဲ့တကောင်ကြွက်​ဖြစ်​ပြီး ဟိုတယ်မှာအလုပ်ဝင်လုပ်ရင်းတွေ့ကြတယ်ဆိုပဲ။

"ဟာ့...ဝမ်ရိ​ပေါ်ဆိုတဲ့လူက ကောလဟာလဖြန့်တာတော့ တယ်ပိုင်တာပဲ..ဟား ဟား.."

ဒါကဘာလုပ်ရမာလဲ။စာရွက်တစ်ရွက်ပေါ်ကအချက်အလက်သာသာက သူ့ခံစားချက်ကိုမဖုံးလွှမ်းနိုင်ဘူး။မနေ့ညက ရုံးမှာအလုပ်ကိစ္စပြီးတော့ ပြန်တဲ့အချိန် ဆိုင်လေးတစ်ဆိုင်ဘေးကကားပေါ်တတ်သွားတာကိုရိပ်ခနဲတွေ့ပြီး ဟုတ်မလားဆိုပြီးလိုက်ကြည့်ကြည့်တာ။ကြက်ကြော်ဆိုင်မှာစားနေတဲ့ပုံရိပ်လေးတွေက သူမှသူပဲ။​သူ့ခံစားချက်ကသူ့ကိုဘယ်တော့မှမလိမ်ဘူး။ဆံပင်လည်းညှပ်လိုက်သလို အရောင်ပါဆိုးထားပေမဲ့ သူ့ကိုလိမ်လို့တော့မရနိုင်ဘူး။အဲ့လိုရုပ်ဖျက်ထားလို့ သူ့လူတွေကမရှာနိုင်တာကိုး။

"မင်းနာမ်မည်က ရှောင်ကျန့်တဲ့လား...မဆိုးပါဘူး..ဒါပေမဲ့ ကိုယ်ကရှောင်ကျန့် ဆိုတဲ့ကောင်လေးကိုလိုချင်တာမဟုတ်ဘူး...ကိုယ်လိုချင်တဲ့ကောင်လေးက ရှောင်ကျန့် ဖြစ်သွားရင်တော့ အဲ့နာမ်မည်ကိုရအောင်ဖျက်ရမှာပဲ.. "

ဘေးကလူနဲ့အရမ်းရင်းနှီးနေတာမြင်တော့ သူနည်းနည်းစိုးရိမ်သွားတယ်။သူများလူမှားနေပြီလားလို့ပေါ့။ဒါပေမဲ့ကားပေါ်မတတ်ခင်အထိလှမ်းမြင်နေရတဲ့ကြောက်လန့်နေတဲ့ပုံလေးကိုမြင်ပြီး သူမမှားကြောင်းသိလိုက်တယ်။သူအနောက်ကလိုက်လာမှန်းဒီကောင်လေးရိပ်မိလောက်ပြီ။ဒါဆို ဝမ်ရိပေါ်လည်းသိလောက်ရောပေါ့။

My Dear Dolphin(completed)Where stories live. Discover now