Ep(17)

1.9K 239 4
                                    

Unicode

ဒီနေ့က ရှောင်ကျန့်သေဆုံးပြီး ၃ရက်မြောက်​နေ့​​ဖြစ်သည်​။ဝမ်ရိ​ပေါ်ဟာ အရိုးပြာအိုးလေးကိုင်ပြီး အခန်းထဲမှာ လာယူမယ်ဆိုတဲ့လူကိုထိုင်စောင့်နေမိသည်မှာ နေ့တိုင်းပင်။ရူးတယ်လို့ ထင်ချင်စရာပင်။ အိမ်မက်က ဒီအတိုင်းစိတ်စွဲပြီးမက်တာလည်းဖြစ်နိုင်ပေမဲ့ ပြန်ရှင်လာနိုင်တယ်ဆိုသော်ကြောင့် အခုအချိန်ကောက်ရိုးတစ်မျှင်တွေ့လည်းလှမ်းဆွဲဲရမည့်အခြေအနေပေ။

"အန်ကယ် တခုခုတော့စားပါအုန်း..."

"မဆာသေးဘူး စစ်ကျွေး...ငါဆာရင်ဆင်းစားမယ်...မင်းတို့စားနှင့်..."

စစ်ကျွေးလည်းဘာမှဆက်မပြောတော့။ဒီ၃ရက်အတွင်းသူတို့အန်ကယ်က အအိပ်လည်းမမှန်သလို အစားလည်းမမှန်။ကိုယ်တွေတောင် ဝမ်းနည်းရတဲ့ကိစ္စမှာ အန်ကယ်ရင်ထဲမှာ တော်တော်ပူလောင်နေရှာမည်။အောက်ထပ်ဆင်းလာတော့ ထမင်းစားဖို့စောင့်နေတဲ့ ဝိန်နင်နှင့် ဟောက်ရွှမ်းက သူ့ကိုကြည့်လျက် ဝိန်နင်ကမေးသည်။

"ဘာတဲ့လဲ စစ်ကျွေး.."

စစ်​ကျွေးခေါင်းခါပြလိုက်သည့်အခါ ဝိန်နင်မှာ သက်ပြင်းချလျက် ရှောင်ကျန့်သေဆုံးမှုမှာ သူ့ပယောဂမကင်းဘူးဟု ခံယူထားတဲ့ဟောက်ရွှမ်းကတော့ တောက်တစ်ချက်ခေါက်လိုက်၏။

"ငါ့အမှားတွေပါကွာ..ငါအဲ့နေ့က ရအောင်ထွက်ပြေးခဲ့သင့်တာ..ငါသာသတ္တိနည်းနည်းရှိပြီး ထွက်ပြေးနိုင်ခဲ့ရင် ရှောင်ကျန့်လည်း.."

"မဟုတ်ပါဘူးကွာ.. ကိုယ့်ကိုယ်ကို အပြစ်မတင်နေနဲ့တော့..ဖြစ်ပြီးသွားပြီပဲ.. မင်းကမှ နည်းနည်းဖြစ်ဖြစ်ကာကွယ်ပေးနိုင်ခဲ့ဦးမယ်..အန်ကယ်ကရော အခုဘာတဲ့လဲ.."

ထိုင်ခုံတစ်လုံးကိုဆွဲယူ၍ ဝင်ထိုင်လိုက်ကာ စစ်ကျွေးက သက်ပြင်းမောကိုချလျက်ဖြေသည်။

"မဆာ​သေးဘူးတဲ့..."

"လာ...ငါတို့ပဲစားနှင့်ကြတာပေါ့.."

စားဖို့အတွက်အသီးသီးထိုင်လိုက်ကြပေမဲ့ သူတို့လည်းစားမဝင်ကြခဲ့ပါဘူး။သူတို့ကိုယ်၌လည်း အရမ်းဝမ်းနည်းနေခဲ့သည်။သူတို့သုံးယောက်သည် ရှောင်ကျန့်ကို အမြဲစနောက်နေခဲ့ကာ ကိုယ့်ဦးလေးငယ်တစ်ယောက်လိုလည်း အရမ်းချစ်ခင်ခဲ့သည်။ဟောက်ရွှမ်းမှာလည်း အောက်ထပ်အခန်းကိုပြောင်းနေခဲ့ရသည်။ဘာလို့ဆို ဂျက်ဖရေးရဲ့လူများရိုက်နှက်မှုကြောင့် ညာဘက်ခြေထောက်မှာ ကျိုးသွားခဲ့ကာ အခုဝီးချဲနှင့်သွားလာနေရသောကြောင့်ဖြစ်သည်။ဟောက်ရွှမ်းက စားနေတဲ့တူကိုချလိုက်သည်။

My Dear Dolphin(completed)Where stories live. Discover now