Unicode
အချိန်အားဖြင့် ၁နာရီလောက်မှာသူပြန်နိုးလာခဲ့တယ်။ဘေးကပ်လျက်မှာရှောင်ကျန့်ကအိပ်နေတုန်းပင်။ထိုကောင်လေးမှာအတော်ပင်ပန်းသွားခဲ့တယ်။အားကြိုးမာန်တတ်လုပ်ဆောင်တဲ့ဝမ်ရိပေါ်ရဲ့သန်မာမှုကြောင့်အားပျက်မသွားခဲ့ရင် ဝမ်ရိပေါ်ကလုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နေဦးမယ့်ပုံပေါက်၏။
"ပင်ပန်းသွားမှာပဲ.."
ဟုတ်တယ် သူ့အကြောင်းသူသိနေတဲ့ဝမ်ရိပေါ်ပြောလိုက်ခြင်းပဲ။သူထိုအချိန်ကခဏလေးနဲ့ရပ်တန့်ဖို့ခက်ခဲခဲ့တာ ထို့ကြောင့်လည်း နည်းနည်း နည်းနည်းဆိုပြီးကြာသွားခဲ့တာကိုတော့သူဝန်ခံပါသည်။
"ကိုယ်ဆန်ပြုတ်ပြုတ်လာခဲ့မယ်.."
အိပ်ပျော်နေမှန်းသိပေမဲ့ဒီလတွေအတွင်းမှာ ထိုသို့သတိပေးတတ်တာသူ့အကျင့်ဖြစ်နေခဲ့ပြီ။
ဝမ်ရိပေါ်အောက်ထပ်ဆင်းလာတော့ သူ့သူငယ်ချင်းတစ်စုရဲ့ကားတွေမတွေ့ရတော့ဘူး။ပြန်သွားကြတာဖြစ်မယ်။သီချင်းတစ်ညည်းညည်းနဲ့ဆန်ပြုတ်ကိုကြက်အသားလေးတွေပါကြိတ်ပြီးပြုတ်ထားလိုက်တယ်။အားလုံးပြီးသွားတဲ့အချိန်အပေါ်ဘက်တတ်လာတော့ ရှောင်ကျန့်ကအခန်းထဲမှာနှိုးနေခဲ့ပြီ။
"ကျန့်ကျန့် ဆန်ပြုတ်သောက်လိုက်ဦး.."
ရှောင်ကျန့်က ဝမ်ရိပေါ်လုပ်လာတဲ့ကြက်သားဆန်ပြုတ်ကိုသောက်လိုက်တဲ့အချိန် ကြက်သားရဲ့ချိုမြမှုကလျှာမှာစွဲကျန်ရစ်စေခဲ့တယ်။
ရိပေါ်ကဒီလိုလည်းအရသာရှိအောင်ချက်တတ်တာလားဆိုတဲ့အတွေးနဲ့ ပြည့်စုံမှုတွေကိုတွေးကြည့်တော့ သူကိုယ့်ကိုယ်ကိုအားငယ်လာတယ်။သူ့မှာရောပိုင်ဆိုင်တာဘာရှိလဲ။
"ကျန့်ကျန့် ဘာဖြစ်လို့လဲ စားမကောင်းလို့လား.."
"မဟုတ်ပါဘူး...ရိပေါ်ကအရမ်းချမ်းသာပြီးပြည့်စုံလွန်းတော့ တခါတလေကိုယ့်ကိုယ်ကို အသုံးမဝင်တဲ့လူလိုခံစားရတယ်.."
သူပြောတာကို ဝမ်ရိပေါ်ကမသိချင်ယောင်ဆောင်လိုက်တယ်။အဓိပ္ပါယ်မရှိတဲ့စကားကြားလိုက်ရသလိုပြုမူလိုက်ပြီး သူဆန်ပြုတ်တစ်စွန်းခွံ့တယ်။
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...