Ep(7)

2.8K 321 10
                                    

Unicode

"အမ ကျွန်တော့်ကို ရိပေါ်အကြောင်းပြောပြပါလား.."

ခရစ်စတီးနားကြည့်နေတာ။ဒီကောင်လေးတိတ်နေတာကြာပြီပေါ့။ဘာတွေတွေးနေလဲ လည်းမပြောနိုင်။

"ရှောင်ကျန့် နားလည်တာလား.."

"ဘာကို..."

"စပိန်ဘာသာစကားလေ...ပြောလိုက်တာနားလည်တာလား.."

ကိုင်ထားတဲ့အချိုရည်ခွက်လေးကိုတချက်ဖျစ်ညစ်လိုက်သည်။သူနားလည်တယ်ပြောရင်ပြောပြမှာလား တမင်လိမ်ထားတာမှမဟုတ်တာ ဘာသာစကားမျိုးစုံကို မွေးထဲကနားလည်တာ။

"အင်း...ဘာသာစကားတော်တော်များများပြောတတ်တယ်..."

ဝမ်ရိပေါ်ကောင်လေးကအချဥ်မှမဟုတ်ဘဲ ဒီအရွယ်လေးနဲ့ ဘာသာစကားတော်တော်များများပြောတတ်တယ်ဆိုတော့ သူတောင်အသက် ၄၀ ကျော်ပြီ အများကြီးပြောတတ်တဲ့ထဲမှာမပါဘူး ။

"အင်း..သိချင်တယ်ဆိုတော့လည်းပြောပြရမှာပေါ့.."

စိတ်ဝင်စားစွာနားထောင်နေသည့်ရှောင်ကျန့်ကြောင့် ခရစ်စတီးနားလည်း အပြင်ဘက်ပန်းခြံကိုသွားလိုက်သည်။မတ်တပ်ရပ်လျက်ကြီးဆိုညောင်းနေမှာပဲလေ။သူတို့သွားပြီးမကြာဘူး သူတို့ရပ်နေတဲ့အစားအသောက်တွေထားတဲ့နေရာကို လူတယောက်  သက်တော်စောင့်နဲ့အတူရောက်လာသည်။

"နန်စီကိုတချက်စောင့်ကြည့်ထားလိုက် အခုရက်ပိုင်းခြေလှမ်းတွေပျက်နေတယ်..."

"ဟုတ်ကဲ့ ဘော့စ်.."

ပန်းခြံကခုံတန်းလေးတခုမှာ ခရစ်စတီးနားနဲ့ရှောင်ကျန့်က ဘေးချင်းယှဉ်ထိုင်နေကြသည်။

"အမတို့က ငယ်ငယ်ထဲကသိကြတာ အမရယ် ကျန်းချန်ရယ် ဟွမ်ရှန်းနဲ့ ဒေးဗစ်နဲ့ဆိုပြီး နောက်နှစ်ယောက်ကျန်သေးတယ် တွေ့ဖူးတယ်မလား.."

"ဟုတ်ကဲ့.. "

"အမက ငယ်ငယ်က အရမ်းဆင်းရဲတာ  အဲ့အချိန်မှာ ကျောင်းကအနိုင်ကျင့်ခံလေးပေါ့ ကျန်းချန်က အမကိုစပြီး လာခေါ်ခဲ့တာ  ၁၂နှစ်အရွယ်ဆိုတာကလေးပဲရှိသေးတယ်ပြောရမယ်.. ကျန်းချန်နဲ့ခင်ပြီး နောက်သုံးယောက်နဲ့လည်း သူ့အလိုလို ခင်သွားကြတာအဲ့ထဲမှာ ဝမ်ရိ​ပေါ်ကထူးခြားတယ် တစ်ခြားလူတွေနဲ့အနေတည်သလောက် သူရင်းနှီးတဲ့လူတွေအရှေ့ရောက်သွားရင် ပြောင်းလဲသွားရော.."

My Dear Dolphin(completed)Where stories live. Discover now