Ep(10)

2.3K 259 9
                                    

Unicode

ဝမ်ရိ​ပေါ်အခုတလောအရမ်းအလုပ်များနေတယ်။ဒါကလည်းအရင်ကပျက်ကွက်ခဲ့တာတွေကိုပြန်ဖြည့်ပေးနေရတာ။တစ်လလောက်ရှိနေပြီ ရှောင်ကျန့်အနားလည်းမကပ်ရတာ။ လာကပ်လည်းသူဂရုမစိုက်နိုင်ဘူးဖြစ်နေတယ်။

"ရိပေါ် မနက်ဖြန်အားလား... "

"အားတော့မအားဘူး ဘာလုပ်မလို့လဲအချစ်ရဲ့.."

"မအားဘူးဆိုလည်းထားပါတော့ဘာမှအထွေးအထူးမဟုတ်ပါဘူး ..."

"အင်း..အင်း.."

မျက်မှန်ကိုပြန်တပ်ပြီးရိ​ပေါ်အလုပ်ဆက်လုပ်နေလိုက်သည်။ဘယ်လောက်ပဲအလုပ်တွေလွှဲထားလို့ရတယ်ဆိုစေအုန်း အကြီးအကဲဖြစ်တဲ့သူမရှိလို့မရ။ တည်ထောင်သူဖြစ်တဲ့အလျှောက်အချက်အချာကျတဲ့ကိစ္စတွေဆိုသူကမပါမဖြစ်ပဲ။

"ရိ​ပေါ် မနက်ဖြန်ညစောစောပြန်လာခဲ့ပါလား.."

"အင်း.."

"မွ... ချစ်တယ် အိပ်ပြီနော်.."

"အင်း အင်း..good night.."

အိပ်ရာဝင်အနမ်းကိုမေ့နေတဲ့ဝမ်ရိ​ပေါ်ကိုသူဘာမှမဆိုဖြစ်။ဝမ်ရိ​ပေါ်သည်ဒီတစ်လအတွင်းပျက်ကွက်ခဲ့တဲ့အလုပ်တာဝန်တွေကိုနှစ်ဆပိုလုပ်နေရတယ်။မနက်ဖြန်ကသူတို့စီရောက်လာတာတစ်နှစ်ပြည့်တဲ့နေ့ပဲ။ဘယ်နေ့မွေးလဲကိုအတိအကျမသိတဲ့ရှောင်ကျန့် အတွက်မွေးနေ့ကိုစတင်တွေ့ရှိတဲ့နေ့ဆိုပြီးသတ်မှတ်ပေးထားသည်။မနက်ဖြန်ညတော့ သူတို့နှစ်ယောက်ထဲအပြင်မှာညစာထွက်စားချင်တယ်။ကြည်နူးရမယ့်ညအတွက် စိတ်ကူးယဉ်ပြီး အိပ်ပျော်အောင်အိပ်လိုက်သည်။

ည၂နာရီလောက်မှာအလုပ်တွေပြီးသွားတော့ဝမ်ရိ​ပေါ်လည်းမျက်မှန်ချွတ်ပြီး ကွေးကွေးလေးအိပ်နေတဲ့ရှောင်ကျန့်အနားကိုတိုးဖက်ပြီးအိပ်လိုက်တယ်။

×××××××××××××××××××××××

"အန်ကယ် ဒီညအတွက် fighting.."

"အမ်...အေးအေး.."

ငါနဲ့ငါ့အတွင်းရေးမှူးပဲသိတဲ့တခြားကုမ္မဏီတစ်ခုနဲ့ချိန်းဆိုမှုကိုဘယ်လိုများသိလဲမသိဘူး..။

ဒီနေ့ညမှာ ကုမ္မဏီတစ်ခုကသူတို့ဟိုတယ်မှာ အစားအသောက်ပိုင်းဆိုင်ရာနဲ့ဆွေးနွေးချင်တယ်ဆိုလို့ ချိန်းထားတာလေးရှိတယ်။အရေးမကြီးပေမဲ့လည်းတခြားကိစ္စဘာမှမရှိတာလို့ ဝမ်ရိပေါ်တွေးထားမိသည်။

My Dear Dolphin(completed)Where stories live. Discover now