Ep(24)

1.8K 240 6
                                    

Unicode

ကိုယ့်ခန္ဓာကိုယ်ပေါ်ဝမ်းလျားမှောက်အိပ်နေတဲ့ကောင်လေးကိုသေချာပြန်နေရာချလိုက်ပြီး အိပ်ရေးပျက်မာစိုးလို့နှိုးမနေတော့ဘဲ ပါးလေးတစ်ဖက်ကိုနှစ်ဝင်အောင်နမ်းလိုက်ပြီးနောက် အိမ်ပြန်ဖို့ပြင်ရတော့သည်။

"ကိုယ်သွားပြီနော်..ဒီနေ့ညစောစောလာခဲ့မယ်.."

"အင်းးးး.."

မနက်၅နာရီဆိုပေမဲ့ မှောင်နေသေးတာကြောင့် ပြတင်းပေါက်ကနေအမြန်ခုန်ထွက်ပြီး ကားစီပြန်ကာ ကျဲကျဲတို့အိမ်ပြန်လာခဲ့လိုက်သည်။လေတိုးဝှေ့၍ချမ်းနေမာစိုးလို့ပြတင်းတံခါးကိုပိတ်ဖို့လည်းသူမမေ့ခဲ့ဘူး။အနမ်းပေးဖို့လည်းမမေ့ခဲ့ဘူး။

"ဒါကဘယ်ကပြန်လာတာလဲ..."

ကားသော့ကိုလက်မှာလှည့်ကစားကာ လေချွန်ပြီးအိမ်ထဲဝင်လာတဲ့ဝမ်ရိ​ပေါ်ကို​ရှောင်ပိုင်က ကလေးထိန်းနေရင်းလှမ်းမေးလိုက်သည်။တစ်ခြားကလေးတွေက အရွယ်ကြီးပေမဲ့ ရက်သားလေးကိုတော့ သေးဝတ်လဲပေးဖို့ ရှောင်ပိုင်ဂရုစိုက်ရသည်။

"ဘယ်ကပြန်လာလာပေါ့.."

"ဟွန့် သိသားပဲ ငါ့ကလေးစီကမလား.."

"ငါ့ကလေးပါ ဘယ်လိုလုပ်နင့်ကလေးဖြစ်ရတာလဲ.."

ကလေးချီလျက်နို့ဘူးကိုလှမ်းယူကာ စစ်ကျွေးကိုနို့တိုက်ရင်း မလွယ်ဘူးဆိုတဲ့ပုံနဲ့ ရှောင်ပိုင်ခေါင်းခါလိုက်သည်။

"ငါနင့်ကိုမေးစရာရှိတယ် ရှောင်ပိုင်...နင်အားရဲ့လား.."

"အားတာကအားနေတာပဲကို.. ကလေးထိန်းတာကလွဲပြီးကျဲကဘာမှမလုပ်ခိုင်းထားဘူး..."

"ငါသိချင်တာရှိလို့...ဂျက်ဖရေးနဲ့နန်စီရဲ့ကိစ္စကဘယ်လိုဖြစ်တာလဲ..."

"အင်း...မမွေးဖွားလာဘူးဆိုတာတော့သိတယ်မလား... "

"အေး..ကျန့်ကျန့်ပြောတယ်.."

"နင်မှတ်မိမလားမသိဘူး...နင့်အမငယ်ငယ်ကပြန်ပေးဆွဲခံရတာ..."

ဝမ်ရိ​ပေါ်တစ်ချက်စဥ်းစားလိုက်သည်။သူ့အမ ၁၂နှစ်သမီးလောက်တုန်းက ပြန်ပေးအဆွဲခံရဖူးသည်။

My Dear Dolphin(completed)Where stories live. Discover now