Unicode
ဝမ်ရိပေါ် နိုးလာတော့ သူ့ကိုယ်သူ ၁၀နှစ်သားလို့ထင်နေပေမဲ့ တကယ်တမ်းသူ့အသက်က၁၃နှစ်ဖြစ်နေသည်။ရှောင်ပိုင်ကတော့၁၀နှစ်သားကိုပြန်ပို့မယ်ဆိုပြီး ဘာတွေလုပ်လိုက်ပြန်ပြီလဲမသိပေ။အခု ဝမ်ရိပေါ်နိုးလာပြီဆိုတော့ ရှောင်ကျန့်လူဝင်စားပြီပေါ့။
သူ့ဘဝကသာမာန်ပါပဲ။အရင်ကဖြစ်ခဲ့တဲ့အတိုင်း လိုက်နေလိုက်သည်။ရှောင်ပိုင်နှင့် ယခုအသက်အရွယ်မှာ သိနေပြီဆိုပေမဲ့ အခုမှာတော့ ရှောင်ပိုင်ကိုဘယ်သူမှသိမနေကြပေ။ရှောင်ပိုင်မရှိတော့တဲ့အတွက် သူသိထားခဲ့တာတစ်ချို့နှင့်တော့ ကွဲထွက်သွားသည်။ဥပမာ- ရှောင်ပိုင်နှင့် ခရစ်စတီးနားက တစ်ယောက်အိမ်တစ်ယောက် ကျောင်းပိတ်ရက်တွေမှာသွားလည်တတ်ကြတယ်ဆိုရင် ယခုမှာတော့ ခရစ်စတီးနားက အိမ်မှာနေပြီး စာလုပ်ရင်လုပ်၊ မလုပ်ရင် ပုံထိုင်ဆွဲနေတတ်သည်။အရင်က မိန်းကလေးသူငယ်ချင်းရှိလို့ မဆိုသလောက်လေးသိမ်မွေ့သယောင်ရှိပေမဲ့ ယခုယောကျာ်းလေးတွေကြားမှာ ပေါက်ကျော်မဖြစ်နေလေပြီ။ယခုလည်း ကင်မရာအသေးလေးကို ကျောင်းယူလာတတ်တဲ့ ကျန်းချန်ကို ရိုက်လိုက်ပြန်ပြီ။
"ဟဲ့ ဒါနင့်ညီလေးလား.."
"အေးလေ...ချစ်ဖို့ကောင်းတယ်မလား...၂နှစ်ရှိပြီလေ.."
ကျန်းချန်နဲ့ ခရစ်စတီးနားစကားပြောနေတာကို တချက်ကြည့်လိုက်တော့ ဓာတ်ပုံရိုက်တာဝါသနာပါတဲ့ ကျန်းချန်က ကျောင်းကို ကင်မရာ အသေးစားလေးယူလာတတ်တာကို ခရစ်စတီးနားက ထိုကင်မရာထဲမှကလေးကို ပြောနေခြင်းဖြစ်သည်။
"ဝမ်ရိပေါ်ရေ လာကြည့်စမ်း...ကျန်းချန်ရဲ့ညီလေးက ချစ်စရာလေး.. သူနဲ့တောင်မတူဘူး. "
ဝမ်ရိပေါ်ကြည့်လိုက်တော့ ဟုတ်ပါရဲ့တကယ်ချစ်ဖို့ကောင်းတဲ့ကလေးပင်။ဆံပင် အမဲရောင်လေးနဲ့ မျက်လုံလေးများကကြည်တောက်ပြီး ဖြူဖွေးလို့။ပါးလေးများမှာလည်း ဖောင်းကားနေလိုက်တာ။
"မင်းနဲ့လည်းမတူပါလား.."
"အေး...ငါ့အဖေနဲ့သွားတူတာ...ကြည့်ရတာ အသားအရည်နဲ့ မျက်လုံးအရောင်အညိုက အစ အဖေနဲ့တူတာဖြစ်မယ်..."
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...