Ep(25)

1.8K 245 6
                                    

Unicode

"ဒါကဘယ်သွားမလို့လဲ.."

မျက်မှန်တပ်ပြီး ဆိုဖာပေါ်စာထိုင်ဖတ်နေတဲ့ ကျန်းချန်က အပေါက်ဝနားရောက်လုနေပြီဖြစ်တဲ့ ရှောင်ကျန့်ကို ကြည့်ကာမေးလိုက်ခြင်း။

"ဒီ ဒီလိုပါပဲ အိမ်မှာနေရတာပျင်းလာတာနဲ့လေ.. ဟီးဟီး.."

"ငါလည်း အိမ်မှာပျင်းနေတာနဲ့အတော်ပဲ အတူတူသွားကြတာပေါ့.."

"ဟို ဟို ကျွန်တော်က ဒီနားက ကော်ဖီဆိုင်လေးတင်.."

"ကော်ဖီလား ငါကြိုက်တယ် သွားမယ်.."

ထိုနေ့က ကော်ဖီဆိုင်သွားမည်ဟုလိမ်ထွက်ပေမဲ့ အကိုဖြစ်သူက သူပါလိုက်မည်ဆိုသည့်စကားကြောင့် သူတို့မတွေ့လိုက်ရ။ထိုနေ့မှမဟုတ် ကျန်းချန်က ညီဖြစ်သူကိုမျက်စိဒေါက်ထောက်လိုက်ကြည့်လာ၏။

ဒီနှစ်တွေအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်ကိုတွေ့ခွင့်ရဖို့ကြံရသည်။အကြောင်းမရှိပဲ ကျန်းချန်စီသွားလည်လို့လည်း အဲ့ငနဲကနည်းနည်းရိပ်မိနေပြီ။အပြန်အလှန်ချစ်နေမှန်းမသိရင်တောင် သူတော်တော်ဖြစ်နေတာ သိလောက်ပြီ။ကျောင်းမှာသွားကြိုပေမဲ့ နောက်ပိုင်းတွေ ကျန်းချန်က လာလာကြိုသည်။သူ့မှာ ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ကျန်းချန်က လာလာကြည့်တတ်လို့ video call တောင်ဖြောင့်ဖြောင့်မပြောရဲသလောက်ပဲ။

ကြားရက်တွေ ရှောင်ကျန့်သင်တန်းသွားတဲ့အချိန်ထိပါ သင်တန်းရှေ့မှာ ကားနဲ့ထိုင်စောင့်နေတာမျိုး။အဲ့ထက်ပိုတာက သင်တန်းဝရံတာကနေ လက်ထွက်ပြခိုင်းတာ မပြရင် သူအပေါ်ထိတတ်လိုက်လာရော။အဲ့​​ကောင်က ဘာဖြစ်ချင်နေတာလဲ။အဲ့လောက်အားယားနေတာ အလုပ်မရှိဘူးလား။ရှောင်ကျန့်က အသက် ၁၈လည်း ပြည့်တော့မှာကို ဘာတွေအဲ့လောက်စိုးရိမ်နေမှန်းမသိတော့ဘူး။

တခါတလေပြောပလိုက်ချင်တယ် မင်းဘယ်လောက်ကာကွယ်ကာကွယ် ငါနဲ့ပဲညားမှာဆိုပြီး။ပထမတော့ သူ့က​လေးကိုဂရုမစိုက်ကြဘူးထင်ပြီး ပြောမလို့ အခုတော့ ဂရုမစိုက်ပါစေနဲ့လို့ ဆုတောင်းလိုက်ရတာ။ဂျပန်မှာနေတဲ့ ယောက္ခထီး နဲ့ ယောက္ခမကလည်း ၁၈နှစ်ပြည့်တာနဲ့ တတ်စီးရုံပဲဆိုပြီး ပြိုင်ကားဝယ်ပေးလိုက်သေးသည်။ တကယ်ကိုအလိုလိုက်အကြိုက်ဆောင်အချစ်ခံလူတန်းစားလေးအဖြစ်မွေးဖွားလာတာပဲ။

My Dear Dolphin(completed)Where stories live. Discover now