Ep(14)

1.8K 228 7
                                    

Unicode

ဝမ်ရိပေါ် အလုပ်သွားပြီးနောက် ရှောင်ကျန့်အိမ်ထဲသို့မဝင်သေးဘဲ ခြံထဲမှပန်းပင်အချို့ကို မျက်စိအစာကျွေးသကဲ့သို့လိုက်ကြည့်နေပြီး သူ့အနောက်တွင်လည်း ဘော်ဒီဂတ်များထဲမှအချို့သည်လည်း အနောက်မှလိုက်ပါလာကြသည်။ဟောက်ရွှမ်းကတော့ အိမ်ပေါက်ဝတွင် သူတို့ရဲ့အန်ကယ်လေးဖြစ်သူရဲ့ ပျော်ရွှင်နေပုံကို တံခါးနံရံအားမှီလျက် လက်ပိုက်ကာ ရှုစားလို့နေသည်။ဟောက်ရွှမ်းက လှမ်းပြောသည်။

"အလှလေး.. ​ဒီနေ့ဘာစားချင်လဲ.."

"အကိုဟောက်ရွှမ်းနော်..လူကိုအလှလေး အလှလေးနဲ့..ရိပေါ်နဲ့အတိုင်ခံရမယ်မှတ်.."

"ဟား ဟား..မလုပ်ပါနဲ့ဗျာ.. သိရင် အိမ်ပေါ်ကထပ်ဆင်းနေရပ့ါမယ်..ကြောက်ပါပြီ.."

မကြာခင်တွင် သူတို့ခြံရှေ့တွင် ကားအကြီးကြီးအမည်းရောင် နှစ်စီးထိုးရပ်လိုက်သည်။ထို့ကြောင့် ရှောင်ကျန့်သည် ပန်းပင်များကိုငေးနေရာမှ သူ့အကြည့်ကို ကားများစီပြောင်းရွှေ့လိုက်သည်။ပထမကားတစ်စီးပေါ်မှဆင်းလာသူကိုမြင်ပြီး သူမျက်လုံးပြူးသွားကာ သူရေရွတ်လိုက်မိ၏။

"ဂျက်.. ဂျက်ဖရေး !"

ကားပေါ်မှဆင်းလာသူသည် ရှောင်ကျန့်ကိုမြင်သည်နှင့် မထိတထိနှုတ်ခမ်းတွန့်ရုံလှောင်ရီရီလိုက်ကာ သူနဲ့အတူပါလာသော လူများအားပြောသည်။

"ငါ့ကောင်လေးကိုမထိပဲ..တစ်ခြားလူတွေကိုရှင်းပစ်..မသေစေနဲ့.."

ပါလာသောလူများသည် စုစုပေါင်း ၁၀ယောက်ကျော်လောက်ရှိရာ ရှောင်ကျန့်တို့အိမ်တွင် ဘော်ဒီဂတ်၄ယောက်အပြင် ဟောက်ရွှမ်းနဲ့မှ ၅ယောက်သာရှိသည်။ထိုလူ၁၀ယောက်ကျော်ကို ဘယ်လိုယှဥ်နိုင်မှာလဲ။ဟောက်ရွှမ်းသည် လွန်ခဲ့တဲ့ရက်တွေတုန်းက အန်ကယ်ဖြစ်သူအား ထိုလူ့အကြောင်းစုံစမ်းပေးလိုက်ရသေးသည်ကိုသတိရမိလိုက်သည်။
ရှောင်ကျန့်ရဲ့ တုန်လှုပ်နေသောမျက်နှာကိုမြင်လိုက်ရတဲ့အခါ ဟောက်ရွှမ်းသည် ရှောင်ကျန့်ရဲ့လက်ကိုဆွဲကိုင်ကာ ထွက်ပြေးဖို့လုပ်သည်။ဒါ​ပေမဲ့ အပေါက်ဝတိုင်းတွင် ဂျက်ဖ​ရေးဆိုသူ၏ လူများကအပြည့်ဖြစ်နေသည်။သို့သော် ဟောက်ရွှမ်းလွယ်လွယ်နဲ့လက်မလျော့ချင်တာကြောင့် ရှောင်ကျန့်လက်ကိုဆွဲကာ အပေါ်ထပ်သို့တတ်သွားပြီး အန်ကယ်ဖြစ်သူ၏အခန်းထဲမှ ဗီရိုအောက်ထပ်သို့ဝင်ပုန်းစေသည်။

My Dear Dolphin(completed)Where stories live. Discover now