Unicode
မိနစ်အနည်းငယ်လောက်ကြာသောအချိန်တွင် ရှောင်ကျန့်ရောက်ရှိနေသော်အခန်းရဲ့တံခါးမှာပွင့်ဟသွား၍ ဂျက်ဖရေးဝင်ရောက်လာသည်။ဂျက်ဖရေးသည် နူးညံ့ရီဝေသောမျက်လုံးများဖြင့် ရှောင်ကျန့်ကိုကြည့်ကာ ငုတ်တုတ်ထိုင်နေသော ရှောင်ကျန့်အနားသို့သွားထိုင်ကာ မျက်နှာအားလက်ဖြင့်ကိုင်ရန်ကြိုးစားသည်။ရှောင်ကျန့်ကအကိုင်မခံဘဲ မျက်နှာလွဲလိုက်သောအခါတွင် လက်များဟာချက်ချင်းရပ်တန့်သွားကာ လက်သီးစုပ်လျက်သားဖြစ်သွားသည်။ဂျက်ဖရေးက ပြောသည်။
"သဘော်ရောက်လာပြီ..သွားရအောင်.."
ရှောင်ကျန့်ငိုနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်ကြောင့် မျက်လုံးအိမ်မှာဖောင်းကားနေကာ မျက်နှာတွင်လည်း ယခုအချိန်အထိ မျက်ရည်တစ်ဖြိုဖြိုင်ရှိနေဆဲပင်။
"ဘယ်သွားမှာလဲ..မသွားချင်ဘူး..တောင်းပန်ပါတယ်..ပြန်ပို့ပေးပါ.. ကျွန်တော် ရိပေါ်ကို မခွဲချင်ဘူး .."
"ရိပေါ် ရိပေါ် ရိပေါ် ရိပေါ်..!!!! အဲ့ဝမ်ရိပေါ်ဆိုတဲ့အကောင်မပါရင်မပြီးဘူးလား.. !"
အော်ဟစ်ကြိမ်းမောင်းသည့်အသံမျိူးမို့လို့ ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးမှာ တစ်ဆတ်ဆတ်တုန်ယင်သွားသည်။ဂျက်ဖရေးလည်း စိတ်ကိုလျော့ကာ ရှောင်ကျန့်ကိုအတင်းမထူလျက် သဘော်ပေါ်သို့သယ်ဆောင်သွားသည်။သဘော်အပေါ်ရောက်သည့်အချိန်တွင် ရှောင်ကျန့်တော်တော်ထိတ်လန့်မိသည်။
"ဒါ..ဒါဘာလဲ.."
"ရေလှောင်အိမ်.."
"အထဲကရေက ပင်လယ်ရေတွေမဟုတ်လား.."
ခေါင်းငြိမ့်ပြမှုအပြီးမှာ ရှောင်ကျန့်သိလိုက်ရသည်။ဒီလူလက်ထဲတွင်သာဆိုရင် ထပ်မံ၍ရေလှောင်အိမ်ထဲဆက်နေရဦးမှာပဲ။အစောင့်အကြပ်များစွာထဲမှ သူဟာအတင်းရုန်းကန်ထုရိုက်ကာ ထွက်ပြေးသည်။ဂျက်ဖရေးလက်ထဲမှ လွတ်သွားသည်နှင့် ကုန်းပတ်တစ်လျှောက်ပြေးကာ လွတ်လမ်းကိုရှာသော်လည်း ဂျက်ဖရေးရဲ့သတိပေးစကားထွက်လာသည်။
"ကောင်လေး..ကိုယ်အပိုမပြောဘူး..မင်းကိုယ့်စီပြန်မလာရင် တစ်ကယ်ပစ်သတ်မှာ.."
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...