Extra (4)

831 85 3
                                    

Unicode

ကလေးတစ်ပွေ့တစ်ပိုက်နဲ့ရှောင်ပိုင်က ရေဆိုရင်မထိချင်သလိုလိုနဲ့ စားသောက်ဆိုင်တွေထဲဝင်ကာ အပီကိုဆွဲနေသည်။ ကလေးအမေကတော့ လူကြီးပီပီ ရှောင်ပိုင်ဘေးနားတွင် စစ်ကျွေးလေးကို ပေါင်ပေါ်တင်လျက် သူမရှေ့ရှိ ရှည်မျော်မျော်ခွက်ထဲမှ ပိုက်တပ်လျက်သား အအေးကို စစ်ကျွေး၏ပါးစပ်နားတေ့ပေးလိုက်သည်။

၉နှစ်ရှိပြီဖြစ်တဲ့ ဟောက်ရွှမ်းက အစားတစ်လိုင်းလေးဖြစ်ကာ ရှောင်ပိုင်ဘယ်ဆိုင်မှာမုန့်သွားဝယ်ဝယ် လိုက်ကပ်နေတော့သည်။ဝိန်နင်ကတော့ ၁၂နှစ်ရှိပြီဖြစ်ကာ ၅ပေအနက်ရှိသော ရေကူးကန်ရှေ့တွင် ဘောင်းဘီအတိုလေးဖြင့် ခါးကိုတစ်ဖက်စီလိမ်လှည့်ကာ ကန်ထဲသို့ ဒိုင်ဗင်ထိုးချသည်။

"အမရှောင်ပိုင် အမရှောင်ပိုင်။ ဟိုမှာ ရေနှစ်နေတာလားမသိဘူး"

ငါးကင်များကိုရွေးနေရာမှ ရှောင်ပိုင်လှည့်ကြည့်ချိန် ဟောက်ရွှမ်းပြသည့် နေရာတွင် ဟောက်ရွှမ်းအရွယ်ကလေးတစ်ယောက် ရေနှစ်နေသည်။

"ဟုတ်တယ် ဟုတ်တယ် "

ရေနှစ်နေတဲ့ ကလေးကို သွားကယ်ဆယ်ပေးချိန် တစ်ဖက်မှလူရွယ်ကောင်လေးကလည်း ထိုကလေးကိုမြင်၍ လာကယ်သည်ကြောင့် မျက်နှာကိုကြည့်လိုက်မိချိန်။

"ရှောင်ပိုင်!
ဒီမှာဘာလာလုပ်တာလဲ? ကိုယ့်ကိုပြောတော့  အိမ်မှာအလုပ်ရှုပ်နေမှာဆို "

"ကျိုးကျစ် ရှင်ကဒီမှာဘယ်လိုလုပ်ရောက်နေတာလဲ?"

တစ်ဖက်မှ သူမထင်နေခဲ့သော လူရွယ်လေးသည် သူမထင်ထားသလို သူစိမ်းလူရွယ်လေးမဟုတ်ပါဘဲ သူမရည်းစား ဟွမ်ကျိုးကျစ်ဖြစ်နေပြီး မကြာသေးခင်က အပြင်သွားရမည်ကိုမသိဘဲ အိမ်မှာပဲနေမည်ဟုပြောခဲ့သည်ကို သတိရမိ၏။

ကျိုးကျစ်နဲ့သူမဟာ ရည်းစားဖြစ်တာ ၂ လကျော်ကျော်သာရှိသေးပြီး သံယောဇဥ်သက်တမ်းကတော့ ၃နှစ်မျှရှိပြီဖြစ်သည်။ဝမ်ရိပေါ်တို့ စေ့စပ်ပွဲမှာတွေ့ခဲ့သည့်သူနဲ့ ထိုနေ့မှစ၍ အဆက်အသွယ်မပြတ်ခဲ့ချေ။အခုတော့ ၃နှစ်ဆိုသော ကာလမှာ သူမရဲ့နေထိုင်မှုကလည်း မှီခိုနေရတာမျိုးမဟုတ်ဘဲ ဝမ်ရိပေါ်ရဲ့ ဟိုတည်ဝန်ထမ်းပိုင်းမှာ အလုပ်ဝင်လုပ်၍ အခုဆိုရင် သူမသည်လည်း အလုပ်ခွင်တွင်အရေးကြီးသူတစ်ယောက်​ဖြစ်​နေခဲ့ပြီဖြစ်သည်။

My Dear Dolphin(completed)Where stories live. Discover now