Extra end

1.3K 106 1
                                    

Unicode

ဟွမ်ကျိုးကျစ်ဟာ တိတ်ဆိတ်နေလျက် တစ်ခုခုကိုတွေးတောနေပုံရ၏။ဘေးနားမှ ရှောင်ပိုင်ကတော့ သူမရည်းစားဖြစ်သူရဲ့ အောက်နှုတ်ခမ်းကို လက်မနဲ့လက်ညိုးကြားညပ်ကိုင်ကာ အပီအပြင်စဥ်းစားနေတဲ့ အသားဖြူဖြူ၊အရပ်ရှည်ရှည်၊ပြီးပြည့်စုံသောခန္ဓာကိုယ်ပုံစံအဖြာဖြာကို သားရည်ယိုမတတ် ငမ်းငမ်းတတ်ကြည့်ကာ ပြောချလိုက်သည်။

"ရေစိုအဝတ်ဝတ်ထားရင် ဖျားလိမ့်မယ်လေ ကျိုးကျစ်..ရှင်ချွတ်လိုက်ရင် ပိုကောင်းမယ်နော် "

ရှောင်ပိုင်ပြောမှ ကျိုးကျစ်လည်း သူ့အကျီကိုသတိထားကြည့်မိသည်။အဝတ်တွေက ရေစိုထားတာကြောင့် သေးကျုံးသလိုတောင်ဖြစ်လို့နေ၏။ဒါကြောင့် ကြယ်စေ့တစ်လုံးချင်းစီကို ဖြုတ်လိုက်ပြီး ချွတ်ချလိုက်သည့်အခါ မျက်စိထောင့်မှ ရှောင်ပိုင်ရဲ့ နှုတ်ခမ်းကိုလက်နဲ့အုပ်တဲ့ပုံစံကိုမြင်လိုက်ရသည်။သူအမြန်ပဲ လှည့်ကြည့်ကာမေးလိုက်၏။

"ကြိုက်လို့လား? "

ရှောင်ပိုင်က အရမ်းကိုမှအပြုံးတွေဖော်သီလို့နေပြီး နှာခေါင်းပေါက်နားလက်ညိုးဖြင့်ပိတ်ထားလျက် လက်ညိုးထောင်ပြသည်။

"ရှင်အရမ်းမိမိုက်နေတယ်..ကျွန်မတအားသဘောကျတယ် "

ရှောင်ပိုင်က အဲ့လိုပွင့်လင်းပါသည်။သူ ရှောင်ပိုင်နဲ့စသိစဥ်က အရမ်းပွင့်လင်းတဲ့သူမကြောင့် ပထမဆုံးပြုံးမိဖူးသည်။ငယ်စဥ်ကတည်းက အနေတည်တံ့တဲ့သူဟာ ကလေးဘဝမှာတောင် လူကြီးပေါက်စလေးဟု အပြောခံခဲ့ရဖူးသည်။

ယခုလည်း သူပြုံးရပြန်သည်။

"ရှင်အခုမှပဲ ပြုံးတော့တယ်..အခုနကတည်းက မှိုင်ထွေနေတော့ စိတ်ရှုပ်စရာတစ်ခုရှိတယ် ထင်ခဲ့တာ "

"ရှောင်ပိုင်က အရမ်းပွင့်လင်းပြီး ဒဲ့တိုးပြောတတ်တယ်နော်..ကိုယ်အခုနက စဥ်းစားနေတာ..ကိုယ်မင်းကိုမေးစရာတစ်ခုရှိတယ်..ဒါပေမဲ့ ကိုယ်မေးလိုက်ရင် ရှောင်ပိုင်စိတ်ကတိကအောက်ဖြစ်သွားမလားလို့ တွေးကြည့်နေတာ "

"ကျွန်မတို့တွဲတာ ၂လ ကျော်ပြီလေကျိုးကျစ်.. ရှင်ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်မကို ကြိုက်သလိုမေးလို့ရပါတယ်..တစ်ကယ်လို့ ကျွန်မမှာရှင့်ကိုမေးစရာရှိခဲ့ရင်လည်း ရှင့်ကိုပွင့်ပွင့်လင်းလင်းမေးတာပဲလိုချင်တယ်မလား?  "

My Dear Dolphin(completed)Where stories live. Discover now