Ep(23)

1.9K 243 6
                                    

Unicode

ကိုယ်ဟာ အခုချိန်မှာအပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်နေပြီ။ရှောင်ကျန့်ကတော့ကျန်းချန်နဲ့ပြန်ပါသွားခဲ့​ပြီ။အခုအိပ်ရာပေါ်မှာ မနက်၂နာရီထိ မအိပ်နိုင်သေးပဲ ဖြစ်ပျက်ခဲ့သမျှကို နဖူးပေါ်လက်တင်ပြီး စဥ်းစားကြည့်မိသည်။ဖြစ်နိုင်လျှင် ရှောင်ကျန့်ကိုပြန်မထည့်လိုက်ချင်ပါ။

ဘယ်သူကအနာဂတ်ကလာခဲ့တယ်ဆိုတာယုံမှာလဲ။ဖြစ်မလာတော့မဲ့အနာဂတ်ကိုသူမတွေးချင်ဘူးဆိုပေမဲ့ အဲ့အနာဂတ်မှာ သူဟာပျော်ရွှင်ခဲ့ရသလို နာကျင်ခဲ့ရဖူးသည်။ဘယ်လိုပဲဖြစ်ဖြစ်မပြောင်းလဲတာက အဲ့တုန်းကရော အခုရော သူ့အနားမှာရှောင်ကျန့်ရှိနေခဲ့သည်။ပြန်တွေးလေ ထိုလူသားလေးကိုပိုချစ်မိလေပဲ။ဟုတ်တယ် အခုလူသားလေးဖြစ်နေပြီ။

ဖုန်းလေးယူပြီး နံပတ်လေးတစ်ခုကိုနှိပ်လိုက်သည်။ဒီအချိန်ကြီးအိပ်နေမှာဆိုပေမဲ့ သူဆက်ကြည့်လိုက်သည်။အရင်နဲ့မတူစိတ်ကြီးတဲ့ကောင်လေးက အိပ်ရေးပျက်လို့အော်များအော်လေမလား။သူ့ကိုဖက်တုန်းကတောင်ထိုးခဲ့သေးတာပဲ။အခုရှောင်ကျန့်ကိုတော့ သူနည်းနည်းကြောက်၏။

"ဟဲလို..."

မအော်ပေမဲ့ အိပ်ချင်မူးတူးအသံလေးနဲ့ ထူးလာခဲ့သည်။

"ကိုယ်ပါ.."

"သိသားပဲ ဒီအချိန်ကြီးဆက်မှာခင်ဗျားပဲရှိတယ်.."

"အိပ်ရေးပျက်သွားပြီလား.."

"အိပ်ရေးကတော့ပျက်တာပေါ့...ဆက်ပြီးပြီပဲ ဘာပြောမလို့လဲ.."

"ဟင့်အင်း..ဒီအတိုင်းသတိရလို့.."

"သတိရရင်အိမ်ကိုလာခဲ့လေဗျာ...အပြောပဲလား.."

ဝမ်ရိ​ပေါ်လှဲနေရာကငေါက်ခနဲထလိုက်သည်။သူနားကြားမှားတာလား ဒါမှမဟုတ်ရှောင်ကျန့်က နာရီများအကြည့်မှားနေတာလား။

"ကျန့်ကျန့်ဒီအချိန်ကြီးလာလို့ရလား.."

ဒီမနက်၂နာရီမှာ ကျန်းချန်တို့အိမ်ကို ဒေါက်ဒေါက်ဒေါက် ဝင်ခွင့်ပြုပါဆို အပေါက်ဝကနေ ဖေ့ဖေ့သားလေး တာ့တာ့ဆိုပြီး ကန်ချမှာပေါ့။

My Dear Dolphin(completed)Where stories live. Discover now