Unicode
ဆေးရုံရဲ့အထူးခန်းတစ်နေရာတွင် ရှောင်ကျန့်ကို စက်များတပ်ဆင်ထားကာ တစ်ဖက်တွင်နှလုံးခုန်နှုန်းစက်လေးပါရှိနေ၏။ထိုနေ့ညက ဆေးရုံပေါ်ရောက်သည့်အခါ ရှောင်ကျန့်ကအသိပြန်မလည်လာသော်လည်း နှလုံးပြန်ခုန်ခဲ့သည်။၃ရက်ကြာခဲ့ပြီဖြစ်သည်။ဆရာဝန်များကတော့ အခြေအနေကိုသိပ်အားမရချေ။ဝမ်ရိပေါ်သည်လည်း ထို၃ရက်လုံးဆေးရုံမှာသာ နေတော့သည်။အခုလည်း ရှောင်ကျန့်လှဲနေသော ဆေးရုံကုတင်ဘေးတွင် ထိုင်နေကာ ရှောင်ကျန့်ရဲ့လက်သွယ်သွယ်လေးများကို ရေစိုဝတ်တစ်ခုနှင့်သုတ်ပေးနေသည်။ဝမ်ရိပေါ်ဟာ တစ်ကိုယ်တည်းရေရွတ်နေ၏။
"ရတယ်.. အသက်ရှင်နေရင်ရပြီ..လုံလောက်ပြီ.."
"တီ..တီ..တီ..တီ.."
နှလုံးခုန်နှုန်းစက်မှ အသံများထွက်လာသလို လှိုင်းများသည်လည်းငြိမ်မနေချေ။ဝမ်ရိပေါ် အမြန်ပဲ စက်ခလုတ်တစ်ခုကိုနှိပ်လိုက်သည်။မကြာမှီမှာ ဆရာဝန်နှင့် နပ်စ်များဝင်လာကြပြီး ဆရာဝန်ဟာ မျက်လုံးအားအရင်ဖွင့်ကြည့်ကာ CPR လုပ်၍ နှလုံးပြန်ခုန်လာအောင်လုပ်နေသည်။နပ်စ်များသည် ဝမ်ရိပေါ်ကိုအပြင်ထွက်ခိုင်းနေကြပေမဲ့ ဝမ်ရိပေါ်ကအပြင်ထွက်ဖို့ငြင်းဆန်ကာ ဘာဖြစ်တာလဲဆိုသည့်အကြောင်းအရင်းကိုသာ ထပ်တစ်လဲလဲမေးနေသည်။
"ဘာဖြစ်တာလဲ..ဆရာမ..ကျွန်တော့် ယောကျာ်း.. ဘာဖြစ်လို့လဲ.."
"အပြင်ထွက်ပေးပါ..လူနာရှင်..အပြင်ထွက်နေပေးပါ.."
ထိုအချိန်တွင် ဆရာဝန်ရဲ့အော်သံကြားလိုက်ရသည်။
"နှလုံးခုန်စက်အမြန်ယူလာခဲ့.."
နပ်စ်တစ်ယောက်က ဝမ်ရိပေါ်ကိုအပြင်ဆွဲခေါ်သွားတာကြောင့် ဘာတွေဆက်ဖြစ်မလဲမသိပေ။သူအပြင်မှာရှိနေတုန်း နပ်စ်တစ်ယောက်သည် အခန်းထဲသို့ နှလုံးခုန်စက်သယ်သွားသည်ကို တွေ့လိုက်ရသည်။ဆေးရုံသို့လာတဲ့ စစ်ကျွေးဟာ အခန်းအပြင်ဘက်တွင် တစ်ယောက်ထဲငူငူကြီးမတ်တပ်ရပ်နေသော ဝမ်ရိပေါ်ကိုမြင်ရတော့ အနားသို့ပြေးသွားကာ လက်မောင်းကိုလှုပ်ရမ်း၍ မေးလိုက်သည်။
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...