Ep (1)

1.6K 172 2
                                    

Unicode

ဟိုးအ​​ဝေးက လှိုင်းစီးနေတဲ့လူတွေကို ဖျော်ဖြေတင်ဆက်သူတွေလိုကြည့်နေရင်း ခြေဖဝါးအောက်မှာ ရေစိုနေတဲ့သဲတွေအကြည့်ရောက်သွားပြီး ခြေချောင်းများနဲ့ထိုးစွလိုက်မိတယ်။

"အန်ကယ်..
ship တွေပြန်ရောက်လာပြီ..."

"အေး...သူ့နေရာသူပြန်ထားလိုက်..."

"အန်ကယ်ရော...ဧည့်သည်တွေနဲ့မတွေ့တော့ဘူးလား.."

"မတွေ့တော့ဘူး...ငါကျောက်ဆောင်တွေနားသွားလိုက်အုန်းမယ်..."

ဝမ်ရိ​ပေါ်လမ်းလျှောက်လာရင်း လွန်ခဲ့တဲ့ငါးနှစ်ကအကြောင်းကိုပြန်တွေးနေမိတယ်။

"ရိပေါ်..ငါ့ကိုကြည့်ပါဦး...ငါလှရဲ့လား..."

"လှတာပေါ့...နင်ကဘယ်ဝတ်စုံနဲ့ပဲဖြစ်လှပြီးသားကို.."

"နင်လည်းဝတ်စုံသွားဝတ်ကြည့်လေ.."

"အင်း..."

သတို့သားဝတ်စုံဝတ်ပြီး ပြန်လာတဲ့အခါမှာ အမည်းရောင် suit နဲ့ဝမ်ရိပေါ်ဟာ တည်ငြိမ်ခန့်ညားလို့နေတယ်။

"ငါ့ရဲ့ သူငယ်ချင်းကြီးက ယောကျာ်းအရမ်းပီသတာပဲ..."

"​​ရှောင်ပိုင်နော် မဂ်လာပဲဆောင်တော့မယ် သူငယ်ချင်းတုန်းလား.."

တစ်ကယ်တော့ သူစချင်လာလို့ပါ သူ့စိတ်ထဲမှာ ဘယ်လိုအခေါ်ခံရခံရ ဘာစိတ်မှမရှိဘူး။ အခုလိုမဂ်လာဆောင်တာတောင် သူများစုံတွဲတွေလို ရင်ခုန်ခြင်းလည်းမရှိ ရင်တုန်ခြင်းလည်းမရှိ ။ချစ်လို့ယူကြတာဆိုပေမဲ့ သူ့ရင်ထဲ ဒါကြီးကဝတ္တရားလိုဖြစ်နေတယ်။ဝတ္တရားဆိုလို့ ရှောင်ပိုင်နဲ့သူ ဘာမှမမှားယွင်းထားပါ ။ တစ်ခါတစ်ခါကျရင်လည်း သူအတွက် ရှောင်ပိုင်ဟာ သူငယ်ချင်းတစ်ယောက်ထက်မပိုသလို။

"ဟဲဟဲ.. ဆော်ရီးပါဟာ...ငယ်သူငယ်ချင်းတွေဆိုတော့ ငါလည်း အခေါ်ဝေါ်ပြောင်းဖို့ခက်နေတယ်..."

ဒါကတော့ သူ့အတွက်ရောပါပဲ။ဒါကြောင့် ဝမ်ရိပေါ်ဟာ ခေါင်းငြိမ့်လိုက်ပြီး

"အေးပါ.."

လွန်ခဲ့တဲ့ ၅နှစ်ကမဂ်လာဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက် ။အခုအချိန်မှာတော့ သတို့သားဝတ်စုံဝတ်မဲ့သူသာလျှင်ရှိတော့တယ်။ဝမ်ရိပေါ်ရဲ့ အဝတ်ဗီဒိုထဲက သတို့သမီးဝတ်စုံလေးကတော့ အဖော်မဲ့စွာ ခေါက်ရိုးကျိုးဆဲ။

My Dear Dolphin(completed)Where stories live. Discover now