Ep(4)

3.6K 426 14
                                    

Unicode

"အား...."

"ဘာလဲ ဘာဖြစ်တာလဲ..."

အော်သံနက်ကြီးကြောင့် ဝမ်ရိ​ပေါ်လန့်နိုးလာခဲ့တယ်။ရုတ်တရက်မို့ဘာဖြစ်သွားမှန်းမသိ၊ဘေးနားမှာ စောင်ကိုခေါင်းအထိခြုံထားပြီး ကိုယ်လေးကတုန်နေတာတွေ့တော့မှ ညကအဖြစ်အပျက်ကိုသတိရသွားမိတယ်။

ဟုတ်သားပဲ သူစောစောနိုးသင့်တာ။ မနက်လင်းမှနိုးတာဆိုပေမဲ့ သူတို့အိပ်သွားတာပဲ ရောင်နီထွက်နေပြီ။

သူအသာလေးစောင်ကိုဆွဲခွာလိုက်မိပေမဲ့။

"ကျန့်ကျန့်..."

တကယ်လည်းအားသန်တဲ့ကောင်လေးက အခွာမခံခဲ့ပါ။

"ကျန့်ကျန့် ခနေလး ခွာပေး...ဟုတ်ပြီလား..."

စကားပြန်မလာဘဲ ရှိုက်သံတွေပါထွက်လာတဲ့ကောင်လေးက ခန္ဓာကိုယ်ပါတုန်ရီနေပုံ...

"ကျန့်ကျန့်...ကိုယ့်ကိုမျက်နှာလေးခနပြပါကွာ...ကိုယ်ညကျရင် ဝိုင်တိုက်မယ်လေ..."

"ဘာ..."

ထိုအခါမှ စောင်ထဲမှထွက်လာတဲ့ ကောင်လေးက ဝိုင်တော့သိပ်ကြိုက်ပုံပဲ။ကြည့်ရတာ နောက်ပိုင်းဝိုင်ပြပြီး ချော့မော့ရမည်။

"ဒီဝိုင်ကြောင့်...အာ့...နာတယ်...."

"အရမ်း...အရမ်းနာနေလို့လား..."

တုန်နေတဲ့ပခုံးလေးကို ခပ်ဖွဖွဆုပ်ကိုင်ပေးပြီး နှစ်သိမ့်ပေးဖို့တောင် ဝမ်ရိ​ပေါ်မှာမဝံမရဲ။

"မေးရဲသေးတယ်...အာ့ ဗိုက်လည်းနာတယ်...အဟင့်... "

ဟုတ်သားပဲ မနေ့ကသူတို့ဘာအကာအကွယ်မှမသုံးမိခဲ့ ထိုအရာများကိုစဥ်းစားမိ​တော့အားလည်းနာရတယ်။ရှောင်ကျန့်အတွက်ပထမဆုံးကိုသူသတိထားခဲ့ရမှာ။

ပေါ်လာတဲ့ခန္ဓာကိုယ်တလျှောက်မှာလည်း သူလုပ်ထားတဲ့အမှတ်အသားအရာတွေ အရာတချို့မှာ နီညိုရောင်များပါထနေပြီ။

မတွေးသင့်ဘူးသိပေမဲ့ ဖြူနေတဲ့အသားအရည်ပေါ်မှာ သူလုပ်ပေးထားတဲ့အရာတွေက အရမ်းလှပလွန်းနေတယ်။

"ကျွန်တော်က ခင်ဗျားကိုယုံကြည်ထားတာ အိမ်ပြန်လိုက်ပို့မှာဆို..."

My Dear Dolphin(completed)Where stories live. Discover now