Ep(6)

3.1K 346 10
                                    

Unicode

ထိုနေ့က ဆရာဝန်ခေါ်လိုက်ရတဲ့အထိ ရှောင်ကျန့်သတိပြန်မလည်လာပေ။ပြန်သတိရလာတဲ့အခါမှာတော့ ဝမ်ရိ​ပေါ်ကိုစကားမပြောတော့ဘူး။ထမင်းလည်းအတူမစားသလို မျက်နှာချင်းလည်းမဆိုင်တော့။အခုဆိုထိုသို့ဖြစ်နေတာ ၁ပတ်ပြည့်ပြီ။အခုတော့အခြေအနေကောင်းတယ်ပြောရမလား မကောင်းဘူးပြောရမလား။ ရှောင်ကျန့်က အဖတ်ပြန်လုပ်ပေမဲ့ ဝမ်ရိပေါ်အပေါ်ကို အရင်ကထက်ပိုအနိုင်ကျင့်လာသည်။ ပိုဆိုးလာသည်။အခုလည်း တစ်နေ့လုံးဘာမှမစားဘဲ အခန်းအောင်းနေလေရဲ့။

တစ်ရက်လုံးလုံး ထမင်းမစားရေမသောက်ဘဲ နေ​နေတာကြောင့် သူ့ကိုယ်သူဘာလုပ်လို့လုပ်ရမှန်းလည်းမသိတော့သလို ဝမ်ရိပေါ်ဗျာများနေပြီ။အိပ်ခန်းထဲမှာရှောင်ကျန့်က စောင်ခြုံထား၍ ဝမ်ရိပေါ်ဝင်လာတာတောင်မကြည့်ချေ။

"ကျန့်ကျန့် အစာလေးတော့စားပါကွာနော် တနေကုန်လည်း ဘာမှမစားရ​သေးဘူးမလား..."

ပြောလည်းပြော ကုတင်ရဲ့စောင်အုပ်ထားတဲ့ဘက်အခြမ်းမှာထိုင်ဖို့လုပ်လိုက်တော့။

"မထိုင်..အဲ့မှာ မထိုင်.."

အလန့်တကြားတားလိုက်သော်လည်း ဝမ်ရိ​ပေါ်ထိုင်ပြီးသွားပြီ။စောင်အောက်မှာခုနေတဲ့အရာများနဲ့ အိတ်အသံများကြားတဲ့အခါ စောင်ကိုလှန်ကြည့်လိုက်မိတဲ့အချိန် ထွက်လာတာများက အသင့်စားပင်လယ်စာအထုပ်တွေနဲ့ ရေဘူးတွေ။

"ကျန့်ကျန့် ဒါတွေက..."

"အဟမ်း ...ဘေးဖယ်စမ်းပါဗျာ နေရာတကာဝင်ဝင်ပါတယ်..."

သူ့လက်ထဲကရေဘဝဲခြောက်ထုပ်ကိုလုလိုက်ကာ စောင်အောက်ထဲပြန်ထည့်ပြီး ပြန်ဖုံးလိုက်တဲ့ကောင်​လေးကို ဗိုက်ဆာနေတော့မှာပဲလို့သူကတော့စိုးရိမ်နေတာ။ အရှေ့ကကောင်ဆိုးလေးကတော့ ရိက္ခာအပြည့်နဲ့ ဘယ်အချိန်ကသွားယူလိုက်ပါလိမ့်။

ဒီလူကအရမ်းပြောရဆိုရခက်လွန်းတယ် လာမစားမှတော့မဆာလို့ပေါ့။ ဒါလေးတောင်နားမလည်ဘူးလား ။သူထင်သလို ယောကျာ်းနဲ့ရန်ဖြစ်လို့ အစာအငတ်ခံစိတ်ဆိုးပြစရာလား ဝေးသေး..။

My Dear Dolphin(completed)Where stories live. Discover now