Ep(21)

2K 254 4
                                    

Unicode

"ခင်ဗျား ဘာလုပ်ပြန်ပြီလဲ လွတ်.. လွတ်.. စောစောကလိုထပ်အထိုးခံချင်တာလဲ ဟမ်...ဒီတစ်ခါမညှာတော့ဘူးနော်... ဟေ့လူ လွတ်စမ်း.."

ဝမ်ရိပေါ် လွတ်ပေးရင်ရူးနေလို့ဖြစ်မှာပေါ့။အကြောင်းအရင်းမှန်သမျှလည်းသိပြီးနေပြီကို။​ပြန်ရောက်တဲ့အချိန် ဟိုအတွဲကတော့ အိပ်နေပြီပေမဲ့ ရှောင်ကျန့်ကတော့ ဧည့်ခန်းမှာ တစ်ယောက်ထဲထိုင်စောင့်နေခြင်းဖြစ်သည်။အရင်ကလည်းထိုကဲ့သို့ပင်။သူအလုပ်နောက်ကျတဲ့အချိန်တွေဆိုရင် ရှောင်ကျန့်ကအမြဲတမ်း ထိုင်စောင့်နေတတ်သည်။

"ကျန့်ကျန့်ရာ..ကိုယ်အားလုံးသိပြီးပြီ စိတ်မဆိုးပါနဲ့တော့ကွာ.."

ရှောင်ကျန့်က ငြိမ်ကျသွားပြီးမှ သူ့ကိုအသံတိုးတိုးနှင့်ပြန်အော်ကာ ရုန်းပြန်သည်။

"ဘာတွေလာပြောနေတာလဲ ဘယ်သူကဘယ်သူ့ကိုစိတ်ဆိုးနေလို့လဲ လွတ်နော်..မဟုတ်ရင် အကိုတို့နိုးအောင်အော်လိုက်မှာ မအော်ရဲဘူးမထင်နဲ့.."

"သိသားပဲ... အော်ရဲပေမဲ့ ကျန့်ကျန့်အော်မှာမဟုတ်ဘူးဆိုတာ...အခုတောင်ကိုယ့်ကိုစိတ်ပူပြီး မအိပ်ပဲထိုင်စောင့်နေတာမလား.."

"ဘယ်.. ဘယ်သူကစောင့်နေတာလဲ.. ဒီမှာ ဟေ့လူ.. စစ်ကျွေးလေးနိုးပြီး ငိုနေမှာစိုးလို့ စိတ်မချလို့ထိုင်နေတာ..ကိုယ့်ကိုယ်ကိုအထင်ကြီးမနေနဲ့"

၁၅နှစ်သားလေးရှောင်ကျန့်သည် ဝမ်ရိပေါ်အား မရိပ်မိအောင်ပြောပေမဲ့လည်း ၂၆နှစ်ဝမ်ရိပေါ်က သိပ်လည်လွန်းသည်။

"ကိုယ် အဲ့ကလေးကို စစ်​ကျွေးလို့နာမ်မည်ပေးထားတာ ဘယ်သူမှမပြောရသေးပါဘူး...ကိုယ့်အမနဲ့ ကိုယ်နဲ့ပဲသိသေးတာ..ခင်ဗျားလေးက ဘယ်လိုသိရပြန်တာလဲ.."

"အဲ့ အဲ့တာ က...."

ဒီကောင်လေး အငြင်းလည်းသန်ပ့။အားလုံးသိပြီးပြီ ဆိုတာတောင် ရအောင်ငြင်းနေတုန်းပင်။ငြင်းလို့ကောင်းတုန်းတော့ငြင်းထားပေါ့။ကိုယ်တိုင်ဝန်ခံလာမှ အရိုးတွေကျိုးသွားအောင် ဖျစ်ညစ်ပစ်မယ်။

"ဝမ်..ဝမ်ရိပေါ်ရေ...ငါမနှောင့်ယှက်ချင်ပေမဲ့ ငါဘယ်မှာ နေရမှာလဲဟင်.."

My Dear Dolphin(completed)Where stories live. Discover now