Ep(2)

5.4K 490 29
                                    

Unicode

"အဲ့တာပဲ ဟွမ်ရှန်း... ငါ့အထင် သူခေါင်းထိသွားတယ်နဲ့တူတယ်..ဧကန အတိတ်တွေဘာတွေများမေ့သွားတာလား..."

"အတိတ်မေ့တဲ့လူကအဲ့လိုတော့မဟုတ်ဖူးကွ...ငါအရင်မေးကြည့်ပါအုန်းမယ်..."

ဟွမ်ရှန်း တစ်ဖက်က ဖြူချောချောကောင်လေးကိုကြည့်လိုက်တယ်။ပျောက်သွားတဲ့မိဘတွေကတော့ ပူလောင်နေတော့မယ်။သူ့ကြည့်ရတာလည်းအသိုင်းဝိုင်းကောင်းကောင်းထဲကပါ။ဘာတတ်နိုင်မှာလဲ သူ့သူငယ်ချင်းပြောပုံအရဆို ရူးနေတာလို့ပြောလို့ရတယ် ။

"ဆရာ မင်းကို မေးခွန်းလေးနည်းနည်းမေးမယ်... စိတ်ထဲရှိသမျှအမှန်တိုင်းဖြေပေးရမယ်နော်..."

"အင်း...."

ဟွမ်ရှန်းမေးခွန်းမေးဖို့စတင်လိုက်သည်။

မင်းအခုခေါင်းထဲမှာ ဘာတွေတွေးနေလဲပြောပြပေးနိုင်မလား.."

"ကျွန်တော်အိမ်ပဲပြန်ချင်တယ်.."

"ဒါပဲလား...တစ်ခြားတွေးမိတာတစ်ခုခုများ..."

"ဟင့်အင်း.."

တစ်ကယ်အတည်ကြီးပြောနေတာ​ပေ။

"ဟုတ်ပြီ ဟုတ်ပြီ မင်းအခုနားထဲမှာ အသံတစ်ခုခုကြားနေရတာမျိုးရှိလား တစ်ယောက်ယောက်က စကားလာပြောနေတာမျိုးတို့ဘာတို့..."

"ရှိတယ်..."

ဝမ်ရိပေါ်နဲ့ဟွမ်ရှန်း လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

"ဘာတွေပြောတာလဲ..."

"မပြောဘူးလေ ဒီအတိုင်းသံဇဉ်တစ်ခုလိုမျိုးကြားရတာ... ဒါပေမဲ့ ကျွန်တော် ပင်လယ်ပြာဘက်ရောက်ထဲက ပင်လယ်ရဲ့အော်သံပဲကြားရတော့တယ် တခါတလေငိုသံတွေရောပဲ ကျွန်တော့်အိမ်မှာလိုမဟုတ်ဖူး..."

ပင်လယ်တွေဘာတွေခဏနားလိုက်အုန်း။အော်သံတွေငိုသံတွေဆိုထဲက စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်နေပြီ။

"အဲ့တော့ မင်းအိမ်မှာဆို ဘယ်လိုအသံကြားရလဲ..."

"ကျွန်တော်တို့စီမှာ ပင်လယ်က သံစဉ်အေးအေးလေးပဲထွက်တာ...."

"ကျွန်တော်တို့စီဆိုတော့ တစ်ခြားသူတွေရှိသေးလို့လား...."

ကောင်လေးက ဟွမ်ရှန်းကိုတစ်ချက်ကြည့်လိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းမျက်မှာင်ကိုကြုတ်လိုက်ကာ ရင့်ရင့်သီးသီးပြောလာတယ်။

My Dear Dolphin(completed)Where stories live. Discover now