Unicode
"ဘယ်လိုဖြစ်ပြီး.."
ဝမ်ရိပေါ် တော်တော်အံသြသွားသည်။သူသိတဲ့ရှောင်ပိုင်က သေပြီပြီလေ။အခုအရှေ့က မိန်းကလေးသည် ရှောင်ပိုင်က ရှောင်ပိုင်အစစ်ပေ။
"အဲ့လောက်ကြီးမအံသြပါနဲ့ဟာ..."
မအံ့သြဖို့ပြောပေမဲ့ ဘယ်သူက မအံ့သြဘဲနေလိမ့်မလဲ။အလောင်းကို ကိုယ်တိုင်မြေမြုပ်ပေးထားတာမို့ ဒါကဘယ်လိုမှမဖြစ်နိုင်တာကြီးလေ။
"ဘယ်လိုဖြစ်တာလဲ နင်ကသေသွားပြီမလား..ဒါမှမဟုတ် "
သူရင်ဘတ်နဲ့ ဗိုက်ကိုလက်များရွေ့လျားလျက် မျက်လုံးပြူးမျက်ဆံပြူးနဲ့ ဝမ်ရိပေါ်မေးလိုက်သည်။
ငါသေသွားပြီလား.."
"အင်း.. ကြည့်ရတာ မေးခွန်းတွေများမဲ့ပုံပဲ...ငါတခုတော့ကြိုပြောမယ်...နင်ကသေသွားတာမဟုတ်သလို ငါကလည်း သေနေတဲ့လူမဟုတ်ဘူး...ငါအခုလာတာကလည်း အဲ့ဒါကြောင့်.."
လက်မှာပိုက်ထွေးထားတဲ့ အရိုးပြာအိုးလေးကို မျက်စိဝေ့ပြလာတော့ သူအိုးလေးကို တဖက်ပို့လိုက်သည်။ရှောင်ပိုင်က ဘာကိစ္စနဲ့ဒီအိုးကိုလိုချင်နေရတာလဲ။
"နင်ဘာလုပ်ဖို့လဲ.."
"ဟင်...နင့်ကို ငါ့သားလေးမပြောဘူးလား.."
ဝမ်ရိပေါ်မျက်မှောင်ကြုံ့လိုက်သည်။ရှောင်ပိုင်ရဲ့ သားကို သူကဘာကိစ္စတွေ့ပြီးစကားပြောရမှာလဲ။
"ဘယ်သူက နင့်သားလဲ.."
"ရှောင်ကျန့်လေ.."
နာမ်မည်ကိုကြားသည်နှင့် ဝမ်ရိပေါ်က ရှောင်ကျန့်ပြောခဲ့သည်ကိုကြားမိ၏။သူသိတာပေါ့။ရှောင်ကျန့်ရဲ့ အရိုးပြာအိုးကို လာယူမယ်ဆိုတဲ့လူ။ဒါပေမဲ့ အဲ့လူက ရှောင်ပိုင်မှန်း ဘယ်လိုမှမစပ်စပ်မိခဲ့။ပိုဆိုးတာက သူ့အရှေ့က သူ့ဇနီးဟောင်း ရှောင်ပိုင်က ဘာလဲ။
"နင်ကဘာလဲဟ.."
"အဟမ်း...မလန့်သွားနဲ့နော်..."
ပြောမှာသာပြောပါဆိုတဲ့ပုံနဲ့ ဝမ်ရိပေါ်တစ်ချက်ကြည့်လိုက်သည်။
"ငါကလူမဟုတ်ဘူး..ပြောရမယ်ဆိုရင် ကမ္ဘာဦးအစလောက်ကတည်းက ရှိနေခဲ့တာ.."
YOU ARE READING
My Dear Dolphin(completed)
Fanfictionunicode သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိုင်ရှင် ဝမ်ရိပေါ်ကယ်တင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု။ zawgyi code သဘာဝလွန်နေရာကလာပြီးအသွင်ပြောင်းနိုင်တဲ့လင်းပိုင်ဖြူလေး ရှောင်ကျန့်ကို ကမ်းခြေကဟိုတယ်ပိ...