၁။ အခန်း-၁ / အခန္း-၁

1.9K 164 5
                                    


၁။ အခန်း-၁

"ငါ အသက်ဆက်မရှင်ချင်တော့ဘူး၊ ဒါတွေအကုန်လုံး ငါ့အမှားကြောင့်လို့ လူတိုင်းကပြောနေကြတာ နားမလည်နိုင်တော့ဘူး၊ ဘာကြောင့် သူတို့တွေအကုန် လင်းရှောင်အိုက်ကိုပဲ သနားနေကြတာလဲ?"

"ကျီကျန်းက ငါ့ရည်းစားကောင်လေးလေ၊ ငါက လင်းရှောက်အိုက်ထက်ပိုလှပြီး သူမထက်လည်း အရာအားလုံးမှာသာတယ်လေ၊ ဒါကိုများ ဘာကြောင့်လူတိုင်းက စက်ဆုပ်သလိုအထင်သေးသလိုကြည့်ကြပြီး နောက်ကွယ်မှာ ငါက ဆိုးယုတ်တဲ့ အပေါစားရေလျှံမျိုးဆက်လို့များ အတင်းအဖျင်းပြောကြတာလဲ?"

ချောင်ဝေ့ ကျောင်းခေါင်မိုးထပ်အစွန်းမှ ခံစားချက်မဲ့စွာ ငုံ့ကြည့်လျက် ရပ်နေသည်။သူမ၏ အသံမှာလည်း ၀မ်းနည်းမှုများ ပြည့်နှက်နေသည်။ "လင်းရှောင်အိုက်ကြောင့် ကျီကျန်းနှင့်ငါ လမ်းခွဲလိုက်ရတယ်၊ ငါ့သူငယ်ချင်းအားလုံးလည်း ငါ့ကိုရှောင်ဖယ်သွားကြပြီး လင်းရှောင်အိုက်ကို အရှုံးပေးလိုက်ရတယ်၊ ကျီမိသားစုကလည်း ငါတို့ချောင်မိသားစုကို ဖိနှိပ်ပြီးသိမ်းယူတယ်၊ ဒါကြောင့်ပဲ ငါ,ချောင်ဝေ့ သူဌေးသမီးကနေ ငမွဲမအဖြစ် နိမ့်ကျတဲ့ဘ၀ကိုပြောင်းသွားပြီး ကျောင်းလခတောင်အနိုင်နိုင်ပေးရုံအထိ ဖြစ်နေရပြီ"

"ငါ့အမေကလည်းဆူဆဲပြီး ငါ့အဖေကလည်းရိုက်နှက်တယ်၊ သူတို့အားလုံးပြောတာက ငါ လင်းရှောင်အိုက်ဆီက စနှိုက်မကြော်ခဲ့သင့်ဘူးတဲ့၊ ဒါက အဓိပ္ပာယ်မရှိတာပဲ၊ ကျီကျန်းက ငါ့ကောင်လေးလေ၊ အားးးး ငါက သူမဆီ စနှိုက်ကြော်တယ်လို့ သူတို့ဘာလို့ပြောကြတာလဲ၊ သူမကသာ ငါ့ဆီကအရာအားလုံးလုယူသွားတဲ့ကောင်မပဲ"

ချောင်ဝေ့ဟာ ခေါင်းမော့ရင်း ခေါင်မိုးထိပ်ဖျားတွင် ရပ်နေသည်။ယခုသည် သူမအတွက်နောက်ဆုံးအခွင့်အရေးတစ်ခု ဖြစ်လောက်၏။မျက်ရည်များစီးကျနေသာ သူမမျက်လုံးမှာ ခံစားချက်မဲ့နေပြီး အမိုးအစွန်းဖျားဆီ ခြေလှမ်းစိပ်စိပ်ထပ်လှမ်းလိုက်သည်။ "ဒီကမ္ဘာကလည်း ငါ့ကိုမလိုအပ်တော့ဘူး၊ ငါ့ကို တကယ်မလိုတော့ဘူးလား?"

ငါးမိနစ်ကြာပြီးနောက်....

ပျင်းရိရိအသံ ထွက်ပေါ်လာသည်။ "အခုထိ ဘာလို့မခုန်ချသေးတာလဲ"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now