၂၃။ အခန်း (၁၂) / အခန္း (၁၂)

421 66 6
                                    

၂၃။ အခန်း (၁၂)

မိနစ်ဝက်ခန့်လက်ကိုင်ထားကြသော နှစ်ယောက်သား လျှောက်လှမ်းလာကြသောအခါ ဧည့်ပရိတ်သတ်များ ငြိမ်ကျသွားသည်။လင်းစီယသည် တောက်ပလှပနေပြီး ရှင်းအာ၏ကိုယ်ဟန်နေထားက တည်ကြည်နေသည်။တစ်ယောက်ကအဖြူ၊ တစ်ယောက်ကအမဲနှင့်  စက္ကန့်မလပ်လိုက်ကြည့်နေလိုသည်အထိ လူများကို ဖမ်းစားထားကြသည်။လင်းစီယ၏အပြုံးက သူတို့မျက်လုံးထဲ စူးရှတောက်ပပါက ရှင်းအာ၏ခပ်ယဲ့ယဲ့အပြုံးက နွေဦးလေညှင်းလို တဖျပ်ဖျပ်လှုပ်ခါသွားပြီး သူတို့၏အတွင်းပူပန်ကြောင့်ကြမှုများကို သက်သာစေသည်။

အလွန်ထည်ဝါလှပသော သီးသန့်ထုတ်ပွဲတက်ဝတ်စုံ၊ လှပအဖိုးထိုက်သောလက်ဝတ်လက်စားများက အရောင်မှိန်ဖျော့သော ဤအဖြူနှင့်အမဲဝတ်စုံအောက် ခြားနားစွာ ပေါ်လွင်နေကြသည်။သူမတို့၏စတိုင်သည် ပြုပြင်မွမ်းမံစရာမလိုအောင် ပေါ်လွင်ထည်ဝါနေကြသည်။

"ရှင်းအာ သူတို့အားလုံးက နင့်ကို ကြည့်ကုန်ကြပြီ"

လင်းစီယသည် ရှင်းအာကို တီးတိုးကပ်ပြောလိုက်သည်။သူမပါးစပ်တွင်းတွင် ရှာလကာရည်များသောက်မိနေသည်ကို သတိမထားမိချေ။ "ရှင်းအာက မလာသင့်ဘူးဆိုတာ ငါသိသားပဲ"
စတိုင်ပြောင်းလိုက်ရုံနှင့် တစ္ဆေတစ်ကောင်လို ပြောင်းလဲသွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ။အောက်ကလူတွေရေ မိန်းကလေးအဖော်က နင်တို့လက်မောင်းကို ပွေ့ပိုက်ထားတယ်လို့ စဥ်းစားပြီး မျက်လုံးမှိတ်ပေးထားလို့ရမလား?

ရှိုးပြရုံဝတ်ဆင်ထားကာ ရှက်မြန်းနေဟန်အမျိုးသမီးက သူမတို့ကို ဘဝင်ကိုင်သောအကြည့်ဖြင့် ကြည့်နေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။သူမ၏နှလုံးသားထဲမှ ထပ်ပြီးမပျော်မရွှင်ဖြစ်လာပြီး ဤမှင်စာလေးနှင့်အမျိုးသမီးကို သွားခွင့်မပြုနိုင်တော့ပေ။

ရှင်းအာသည် ခပ်ဖျော့ဖျော့ပြုံးပြီး ညင်သာစွာပြောသည်။ "သူတို့က စီယကို ကြည့်နေကြတာပဲ"

"ဒါပေမဲ့ ရှင်းအာ,နင့်ကို ပိုကြည့်နေကြတာလေ" မှင်စာလေး၏အကြည့်များက စဥ်းလဲနေပြီး ထိုနံဟောင်သောအမျိုးသားထက် ဒဲ့ဒိုးဆန်နေသည်။ငါ သွားပြီးတော့ ပါးချပြီး ဆတ်ခနဲကန်ပစ်လိုက်ချင်တယ်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now