၃၄။ အခန်း ၇ / အခန္း ၇

856 57 11
                                    


ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၇)
~~~~~

"ဧကရာဇ်မယ်တော်၊ မိဖုရားလင်း..." မိန်းမစိုးငယ်တစ်ဉီးသည် ထိတ်လန့်ဖြူဖျော့စွာအပြေးဝင်လာကာ ကြမ်းပြက်ပေါ်ဉီးတိုက်ဒူးထောက်ကာ "မယ်တော်ဘုရား၊ ဧကရာဇ် အရှင်က..."

နျင်ကျီချင်သည် ရှင်းအာကိုကြည့်လိုက်ကာ သိလိုစွာမေးလိုက်သည်။ "ဧကရာဇ် ဘာဖြစ်လို့လဲ?"

"မယ်တော်ဘုရား အရှင့်အဆောင်တော်ဆီကြွချီပြီး တစ်ချက်လောက်ကြည့်ပေးတော်မူပါ" မိန်းမစိုးသည် ကြောက်ရွံ့ကာ ချွေးစေးများစေးကပ်နေပြီး နှုတ်ခမ်းများပါတုန်ရီနေ၏။သူတွေ့မြင်ခဲ့ရသည်ကိုမည်သို့လျှောက်တင်ရမည်ကို မသိဖြစ်နေလေသည်။ယောက္ခထီးတော်ယုသည် မယ်တော်ထံသို့ ဧကရာဇ် လုပ်ကြံခံရသည့်သတင်းကို သူ့အားအလျင်တလိုပေးပို့စေသည်။အခြေအနေအားလုံးကိုတာဝန်ယူရမည့်သူက ဧကရာဇ်မယ်တော်တစ်ဉီးတည်းနှင့်သက်ဆိုင်နေသည်လည်း မဟုတ်ပေ။

"ကောင်းပြီ၊ မိဖုရားလင်းနှင့်အတူ နန်းဆောင်ဆီထ
ကြွချီလိုက်မယ်"

နျင်ကျီချင်သည်ရှင်းအာ၏လက်ကို ဆွဲကိုင်ကာ တင်းတင်းဆုပ်ထားရင်း ပြောလိုက်သည်။ "မိဖုရားလင်း၊ ဧကရာဇ် ဘာတြွေဖစ်သွားတယ်ဆိုတာ တစ်ချက်သွားကြည့်လိုက်ကြရအောင်" သူမ၏ကွေးတက်နေသောနှုတ်ခမ်းလွှာကိုသာလျစ်လျှူရှုလိုက်လျှင် အသံအနေအထားမှာမူ ဟဲလျိန်ကျန်းအပေါ်စိုးရိမ်မှုများထင်ဟပ်နေသယောင်ပေ။

ရှင်းအာသဘောတူလိုက်လျှင်ချင်း နျင်ကျီချင်သည် ဟဲလျိန်ကျန်း၏နန်းဆောင်ဆီသို့ ခပ်မြန်မြန်ပင်လက်ဆွဲခေါ်သွားလိုက်သည်။မိန်းမစိုး၏ခြေထောက်များမှာ နှေးကွေးလှသော်လည်း သူမတို့နောက်မှီအောင် ခပ်မြန်မြန်ခြေလှမ်းလှမ်းနေရသည်။

ရှင်းအာနှင့်နျင်ကျီချင်တို့နှစ်ဉီးသားမှာ ဟဲလျိန်ကျန်း၏နန်းဆောင်ဆီရောက်ကြသောအခါ အံ့သြဘနန်းဖြစ်သွားကြရသည်။ဟဲလျိန်ကျန်းသည် နဂါးမွေ့ရာထက် ဖြူဖျော့သောမျက်နှာဖြင့်လဲလျောင်းနေကာ မျက်လုံးများကမူ ပြူးကျယ်နေသည်မှာ တစ်ခုခုကိုပြောချင်နေသကဲ့သို့ပင်။သို့စေကာမူ သူ့စကားများထွက်ကျမလာသည့်အကြောင်းရင်းကိုမူ သူ မသိချေ။ပိုင်ဇီမှာ မွေ့ရာအောက်တွက် ဒူးထောက်နေကာ ရှေ့ဖုံးခါးစည်းပါးလေးတစ်ထည်သာရှိလျက် အောက်ပိုင်းတွင်လည်းအရှက်မလုံသည့်အတွင်းဝတ်ဘောင်းဘီတစ်စုံသာဝတ်ဆင်ထားပြီး မျက်နှာသေးသေးလေးမှာဖြူဖျော့နေကာ ကြေက်ရွံ့တုန်လှုန်နေသည်။မျက်ဝန်းများကလည်း မျက်ရည်များဝေ့ဝဲနေ၏။

You've reached the end of published parts.

⏰ Last updated: May 29, 2022 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now