၁၅။ အခန်း (၄) / အခန္း (၄)

424 78 3
                                    

၁၅။ အခန်း (၄)

"မစ္စလင်း၊ ရှင်က နိုင်ငံခြားမှာသင်ယူလေ့လာဖူးတယ်မဟုတ်လား?"

"ဟုတ်ကဲ့"

"ရှင့်ရဲ့လုပ်ကိုင်နိုင်မှုအကျဥ်းအရ ရှင်က အရမ်းထူးချွန်တာပဲ၊ ကျွန်မတို့ကုမ္ပဏီကလည်း ရှင့်လိုထူးချွန်တဲ့သူတွေကို တကယ်လိုအပ်နေတာ"

ထိုစကားကြားပြီးနောက် သူမ စိတ်သက်သာရာရလာပုံပေါ်သည်။တစ်ဖက်လူက သူမကို မေးခွန်းအချို့ဆက်မေးပြီး သူမကလည်း ကျေနပ်လောက်စရာကောင်းအောင် ဖြေကြားနိုင်၏။သူမ အလုပ်ရမည်မှာ သေချာနေပြီပဲ။အဆုံးတွင်တော့ နှစ်ဦးနှစ်ဖက် အင်တာဗျူးကို ပျော်ရွှင်စွာအဆုံးသတ်လိုက်ကြသည်။

သုံးရက်အတွင်း ​ပြန်ကြားချက်ရမည်ဟု သူမခန့်မှန်းထားသော်လည်း သုံးရက်နောက်ကျသည်အထိ ကုမ္ပဏီက မဆက်သွယ်လာသေးပေ။ထို့ကြောင့် သူမ မနေနိုင်စွာ ဖုန်းခေါ်ဆို၍ အခြေအနေမေးမြန်းရတော့သည်။

"အားနာပါတယ် မစ္စလင်း၊ ကျွန်မတို့ကုမ္ပဏီကဝန်ထမ်းပြည့်သွားတဲ့အတွက် ရှင့်ကိုအလုပ်မခန့်နိုင်တော့တာပါရှင်၊ ရှင့်ထက် အလုပ်နှင့်ပိုသင့်တော်တဲ့တစ်ယောက်ကို ခန့်လိုက်ပါပြီ"

ဖုန်းချသွားပြီးသည့်အခါ လင်းစီယ ခံပြင်းသွားပြီး ဖုန်းကိုကြည့်ကာ ခါးခါးသီးသီးပြုံးလိုက်တော့သည်။တစ်နှစ်ကျော်ကြာသွားသည့်တိုင် ဂုရန်နှင့်သူမ ရန်ငြိုးရန်စရှိခဲ့ဖူးသည်ကို တစ်ယောက်ယောက်ကတော့ မှတ်မိနေသေးပုံရ၏။ထိုကုမ္ပဏီက အချိန်တိုအတွင်း သူမထက်သာသောသူကို ရှာတွေ့နိုင်ဖို့ဆိုသည်ကို သူမလုံး၀မယုံပေ။တစ်ဖက်တွင် သူမ ယုံကြည်ချက်များပျောက်ဆုံးနေကာ လုပ်ငန်းကိုင်ငန်းဆောင်ရွက်တတ်မှု အကျဥ်းချုပ်စာရွက်၊ အလုပ်အတွေ့အကြုံ၊ ပညာရေးများနှင့်ဆိုင်သည့်ဖက်တွင်တော့ သူမ ယုံကြည်ချက်များရှိနေဆဲဖြစ်၏။

"ဂျာကြီး၊ ဒီက မစ္စလင်းကအရမ်းထူးချွန်တယ်လေ၊ ပညာရေး၊ နိုင်ငံခြားသင်ယူလေ့လာမှုအတွေ့အကြုံ၊ သူမပိုင်ဆိုင်ထားတဲ့ စီမံချက်တွေနှင့်ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီရဲ့လိုအပ်ချက်နှင့် ကွက်တိကျနေတာပဲ" လင်းစီယကို အစောပိုင်းကအင်တာဗျူးထားသောHRဌာနမှလူသည် အကြံအိုက်နေတော့သည်။ လင်းစီယက အကောင်းဆုံးဟု သူမသေချာသည်ကို မန်နေဂျာက အဘယ်ကြောင့်ပယ်ချရန်စေခိုင်းရသနည်း?ရိုးရိုးသားသားပြောရလျှင် သူမ၏နှလုံးသားတွင် အနည်းအကျဥ်း နှာမြောနေမိသည်။ဤမျှလောက် အတွေ့အကြုံရှိသောသူများမှာ သူမတို့ကုမ္ပဏီဆီ အလုပ်လာလျှောက်ခဲသည်။အင်တာဗျူးများစွာ ​မေးမြန်းပြီးနောက် လင်းစီယတစ်ဦးတည်းကသာ သူမကို စိတ်ကျေနပ်စေတာဖြစ်သည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now