၂၄။ အခန်း (၁၃~ခ) /အခန္း (၁၃~ခ)

469 65 5
                                    

၂၄။ အခန်း (၁၃~ခ)

ဒီလူငယ်သူဌေးလေးယွမ်က ဂုမိသားစုကို လွယ်လွယ်လွှတ်မပေးဘူးဟူ၍ သူ တွေးနေမိသည်။ထို့ကြောင့်လည်း သူ ရဲမခေါ်တော့ဘဲ တိတ်တိတ်လေးနေလိုက်သည်။ဒီကလေးကို ဆက်ကစားရင်း ဘာတွေဖြစ်လာမလဲဟု သူ အနည်းငယ် ဦးနှောက်ကိုက်နေသည်။

ရှင်းအာသည် ကုမ္ပဏီ၏ဗိုင်းရပ်များကို ရှင်းလင်းလိုက်သောအခါ ဂုရွှုန်တိတ်တဆိတ်ဖောက်ထားသော သူ့ကွန်ပျူတာထဲက အကောင့်ကိုတွေ့လိုက်ရ၍ ပျက်စီးသောအကြောင်းအရာများကို ပြန်လည်ရယူလိုက်သည်။ဂုရွှုန်သည် ကွန်ပျူတာတွင်ဆရာကျလှသည်ကို ထိုခါမှသာသူမတွေ့မြင်တာဖြစ်သည်။သို့သော်လည်း တစ်ဖက်လူက နာမည်အမှန်နှင့်လိပ်စာအမှန်ကို မဖုံးကွယ်ထားပေ။

သူမသည် နှုတ်ခမ်းလေးကွေးတက်သွားပြီး နှစ်ဖက်စလုံးကအကောင့်များကိုရှင်းလင်းပစ်ပြီး သဲလွန်စအားလုံးကိုပါ ဖျက်ပစ်လိုက်သည်။နှစ်ဖက်စလုံးမှ ချိတ်ဆက်မရသည်ကိုသေချာအောင်ပြုလုပ်ပြီးမှ သူသည် ဂုရွှုန်၏အခြားတစ်ခုကိုတော့ မဖယ်ရှားပေ။သူမကုမ္ပဏီ၏ကွန်ပျူတာကို အတားအဆီးများချထားပြီး ဓာတုမေးခွန်း၊ရူပမေးခွန်းနှင့်သင်္ချာမေးခွန်းများ စသည်ဖြင့် အလွှာတိုင်းတွင် ပိုပိုခက်သောပုစ္ဆာများချန်ထားပေးလိုက်သေးသည်။

နိုင်ငံခြားတွင် အထက်တန်ကျောင်းသူဖြစ်ခဲ့သောလင်းစီယပင် ထိုခက်ခဲနက်နဲသောပုစ္ဆာများကို မြင်သောအခါ နည်းနည်းခေါင်းခြောက်သွားသည်။ "ရှင်းအာက အရမ်းအဆိပ်ပြင်းတာပဲ၊ ဒါတွေအားလုံးက  ခက်ခဲတဲ့ပုစ္ဆာတွေချည်းပဲ၊ မူလတန်း၊ အလယ်တန်း အထက်တန်း တက္ကသိုလ်ဆိုင်ရောတွေပါလာ... တစ်လွှာထက်တစ်လွှာပိုခက်ခဲလာတာပဲ၊ သတင်းအချက်အလက်ကုမ္ပဏီသီးသန့်နာမည်တစ်ခုအဖြစ် ရချင်လို့လား?"

အကြီးအကဲချင်သည် ရယ်မောသော်လည်း ရှင်းအာ၏ရည်စူးချက်ကိုတော့ နားမလည်သေးပေ။သူကလည်းမပြောသလို ရှင်းအာကလည်း သူ့ကို မေးခွင့်မပြုပေ။သို့သော်လည်း သူသည် ဟွမ်ယွမ်၏ကြီးမြတ်မှုကို မြင်တွေ့လိုက်ရပြီး သူခိုးထုတ်ပယ်မှုနှင့် စောင့်ကြပ်မှုတင်းကြပ်ထားမှုကိုပါ သူအဖိုးထိုက်စွာတွေ့လိုက်ရသည်။သူတို့၏ကိုယ်ပိုင်ကွန်ပျူတာနည်းပညာက အရမ်းကို ကောင်းမွန်ထူးချွန်လှပေသည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now