၃၁။ အခန်း (၄) /အခန္း (၄)

280 40 14
                                    

ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၄)

~°~°~°~°~

"တောင်းပန်ပါတယ် host၊ hostအလိုရှိသမျှက စျေးမြှင့်တဲ့pointတွေအဖြစ် ပြောင်းလဲသွားကုန်ပြီ၊ မကြားသေးခင်က hostကတာဝန်တွေ ပေါ့လျော့ခဲ့တယ်၊ pointတွေကိုလည်း ကုန်လုနီးပါးသုံးထားလို့ ဘာမှလဲလှယ်လို့မရတော့ပါဘူး"

ဟဲလျိန်ကျန်းမှာမူ systemကို စိတ်ဝင်စားသထက် စိတ်ဝင်စားနေတော့သည်။ဒီအရာက ဘယ်လို မှော်ဆန်တဲ့ဟာလဲ? သူ့ကို မေ့မြောနေမဲ့ဆေးတွေတောင်ရှိတယ်တဲ့၊ သူကံကောင်းနေလို့ ဇီဖေးမှာ pointတွေမရှိတော့တာ၊ မဟုတ်ရင် သူတော့ ဇီဖေးကစားတာခံနေရမှာ။

အမတ်ကြီးများ၏ဇနီးများ၊ ကိုယ်လုပ်တော်များနှင့် နန်းတွင်းအစေခံများအားလုံး ခေါင်းပင်မမော့ရဲကြဘဲ မြေပြင်ပေါ်ဒူးထောက်နေကြကာ သူတို့၏ခြေထောက်များတုန်ယင်နေကြသည်။ဇီဖေး၏အော်ငိုသံနှင့် ဟဲလျိန်ကျန်းက သူမကိုခေါ်သွားသောအခါမှ လူတိုင်းသည် စိတ်သက်သာရာရသွားကြပြီး ချွေးစေးများဖြင့်တုန်လှုပ်စွာ ထလိုက်ကြသည်။အချင်းချင်းကြည့်ကြကာ ယနေ့သူတို့မြင်တွေ့သောကိစ္စကို ဖျောက်ဖျက်ရန် ဆုံးဖြတ်လိုက်ကြသည်။

အဖြစ်အပျက်ကို အရမ်းအံ့သြနေသော တစ်ခြားလူတစ်ယောက်လည်း ရှိနေသည်။ဟဲချင် မတ်တပ်ရပ်လိုက်သောအခါ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုများရှိနေသေးသည်။ဒါက တော်ဝင်အနွယ်တော်လင်းပြောတဲ့ အံ့အားသင့်စရာဆိုတဲ့ဟာလား? ဒါက အံ့အားသင့်စရာဆိုရင် တော်ဝင်ပိုင်ဇီက ပုံမှန်မဟုတ်ဘူးဆိုတာကို အနွယ်တော်လင်းသိထားတာပေါ့၊ ယနေ့ည ဇီဖေး၏ရင်ဖိုဖွယ်ဖြစ်ရပ်က ဘာဖြစ်သွားမှန်း မသိကြပေ၊ထို့ကြောင့် ထိုဟာက အနွယ်တော်လင်း၏သရဲလားတော့ သူလည်း မသိချေ၊ အကယ်၍ မွှေလိုက်သည့်သူက တော်ဝင်အနွယ်တော်လင်းဆိုလျှင် သူမက လွယ်ကူသောသူ မဟုတ်ချေ။

"ကိုယ်ရံတော်ဟဲ ဘယ်လိုလဲ?"

ပျင်းတွဲသောအသံက သူ့နောက်မှ ထွက်ပေါ်လာသောအခါ ဟဲချင်သည် တစ်ကိုယ်လုံးချွေးစေးများဆို့လာသည်။မကြာမီပင် သူ တည်ငြိမ်လာသည်။ "အနာဂတ်ကျရင် ကျုပ် တော်ဝင်အနွယ်တော်လင်းရဲ့စကားကို နာခံပါ့မယ်" တော်ဝင်အနွယ်တော်လင်းက လူလား မကောင်းဆိုးဝါးလား အရေးမကြီးပေ။သူမ၏လက်စားချေမှုကို သူ ကူညီပေးသရွေ့ သူ့သားကို သတ်လိမ့်မည်မဟုတ်ချေ။ပြီးလျှင် ဟဲလျိန်ကျန်း၏ပုလ္လင်ကိုလည်း အရိုက်အရာဆက်ခံနိုင်ဦးမည်။တစ်ခြားဘာမှ သူ ဂရုမစိုက်ချေ။ဤဟာက အခွင့်အရေးပင်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now