၂၈။ အခန်း (၁~ခ) /အခန္း (၁~ခ)

293 44 10
                                    

ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၁~ခ)

~°~°~°~°~

ကိုယ်လုပ်တော်system၏အကူအညီဖြင့် သူမ ပြန်လည်မွေးဖွားလာသောအခါ ဟဲလျိန်ကျန်းနှင့် ပထမဆုံးတွေ့ဆုံပြီး ဟဲလျိန်ကျန်း၏နှလုံးသားထဲက အဖိုးတန်လေးဖြစ်လာခဲ့သည်။ထို့ကြောင့် နောက်ပိုင်းတွင် ဟဲလျိန်ကျန်းသည် မောင်းမဆောင်ထဲကကိုယ်လုပ်တော်များကို မထိတွေ့တော့ဘဲ သူမကို ကျောက်စိမ်းတစ်တုံးလို ကာကွယ်စောင့်ရှောက်လေတော့သည်။သူမသည် ဟဲလျိန်ကျန်း ကိုယ်လုပ်တော်များလက်ဆက်နေသည်ကို မလိုချင်သော်လည်း ထိုကိုယ်လုပ်တော်များ မုဆိုးမများကဲ့သို့ဖြစ်နေသည်ကိုတော့ မြင်နေချင်သေးသည်။

အရင်ဘဝက သူမကို သတ်ခဲ့သောသူကို မသိ၍ နန်းတော်ကကိုယ်လုပ်တော်အားလုံးဟု သိမ်းကြုံးမှတ်တွက်တော့သည်။ထို့ကြောင့် ပထမဆုံး ဟဲလျိန်ကျန်း၏ဇနီးဧကရီကို အကွက်ချသတ်ပစ်ပြီး ပညာသင်ဆရာကြီးထျန်ဖု၏သမီးလင်းရှင်းကိုလည်း အအေးနန်းဆောင်ဆီ ပို့ပစ်လိုက်လေသည်။

အရင်ဘဝက အစောင့်များ၏​ချောက်တွန်းခံခဲ့ရသောမှတ်ဉာဏ်များကို စဥ်းစားပြီး ကိုယ်လုပ်တော်နျင်ကျီချင် ပြောလိုက်သည်။နန်းတော်ရဲ့ဧကရီက အခြားသူတွေရဲ့ပျော်ရွှင်မှုကို ဘယ်လိုကြောင့် ခိုးယူပြီး အန္တရာယ်ဖိတ်ခေါ်သလို လုပ်ရက်ရတာလဲ? ပိုင်ဇီသည် သူမ၏အမုန်းတရားကို အခြေခံပြီး နျင်ကျီချင်ကို ဤဘဝတွင် နာကျင်မှုများကို ခံစားစေချင်သွားသည်။ဤတစ်ကြိမ်တွင်လည်း ထိုကြံစည်မှုမအောင်မြင်လိမ့်မည်ဟုတော့ ပိုင်ဇီ မထင်မှတ်ချေ။

ရှင်းအာသည် မျက်လုံးဖွင့်ပြီး တီးတိုးရွေရွတ်လိုက်သည်။ "အချစ်တော်systemဆိုတာက ဘာလဲ?"

ဟောင်ရန်သည် ပိုင်ဇီ၏နောက်လိုက်ခွေးအပျိုတော်ထဲကတစ်ယောက်ဖြစ်ပြီး တစ်ချို့သော ဘေးကျပ်နံကျပ်ကိစ္စများကို အဓိကကူညီပေးလေ့ရှိသည်။ရှင်းအာကြောင့် ဟောင်ရန်သည် ဝိုင်တစ်အိုးလောင်းထည့်ခံရပြီး ဆန္ဒပြေလျော့သွားသည်အထိ ယောက်ျားနှစ်ယောက်နှင့် စပ်ယှက်လိုက်ရသည်။ဟောင်ရန်သည် ထွက်သွားချင်သော်လည်း ပြုသမျှနုကာမေ့မြောသွားရသည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now